စိုးသန်းလင်း
၁၉၉၄ ခုနှစ်၊ မြန်မာ့သတ္တုတွင်းဥပဒေသည် ယနေ့တိုင်အသက်ဝင်နေဆဲဖြစ်သော်လည်း ၎င်း၏နည်းဥပဒေ ပုဒ်မ ၃၅ ကို အစိုးရအဖွဲ့က မကျင့်သုံးသောကြောင့် တစ်နိုင်တစ်ပိုင် အသေးစားသတ္တု ထုတ်လုပ်သူတို့ နစ်နာဆုံးရှုံးမှုများရှိနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက မဇ္ဈိမကို ပြောသည်။
“အဲဒီထဲမှာ ပုံစံ(၃)ကိုဖြည့်ပြီး ခွင့်ပြုမိန့်တောင်းလိုက်ရင် သူတို့က(အစိုးရအဖွဲ့က) ခွင့်ပြုလိုက်ရုံပါပဲ။ အဲဒီ အတိုင်းမလုပ်တဲ့ အတွက် အသေးစားသတ္တုလုပ်ငန်းတွေ နစ်နာဆုံးရှုံးပြီး အလုပ်အကိုင်အခွင့်အလမ်း တွေ ပါ ကျဆင်းနေပါတယ်”ဟု ယနေ့ အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ၎င်းက မဇ္ဈိမကို ပြောသည်။
၎င်း၏“ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာစသည့် ဓာတ်သတ္တုများကို အသေးစားထုတ်လုပ်ခွင့် လျှောက် ထားသူတို့အားခွင့်ပြုပေးရန် အစီအစဉ် ရှိ မရှိ”ဟူသည့် အမေးကို သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ကျောက်မျက်လုပ်ငန်း ဥပဒေနှင့် သတ္တုတွင်းဥပဒေများအသစ် ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းပြီးပါက ခွင့်ပြုပေးနိုင် မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထိုသို့ အသစ်ပြင်ဆင်ပြဋ္ဌာန်းမည့် ဥပဒေများ မည်သည့်အချိန်တွင် ပေါ်ထွက်လာမည်နည်းဟု အဆိုပါ ဒုတိ ယ၀န်ကြီးအား မဇ္ဈိမက မေးမြန်းခဲ့ရာ“ရေးဆွဲနေတုန်းပါပဲ။ ဘယ်တော့ပြီးမလဲမသိပါဘူး။ လွှတ်တော် ကိုတော့တင်ပြထားပါတယ်”ဟု ဖြေသည်။
၁၉၉၄ ခုနှစ် မြန်မာ့ သတ္တုတွင်းဥပဒေမှာ အသက်ဝင်နေဆဲဖြစ်ပါသလားဟု မဇ္ဈိမ၏အမေးကို ဒေါ်တင် နွယ်ဦးက“အသက်ဝင်နေတုန်းပါပဲ။ လောလောဆယ်မှာ ကောလင်းဘက်မှာ မြို့နယ်အထွေထွေအုပ်ချုပ် ရေးအဖွဲ့နဲ့ ညှိနှိုင်းပြီး သတ္တုတူးဖော်နေတဲ့ အသေးစားလုပ်ငန်းတွေကို တိုင်းဒေသကြီး အဆင့်က ၀င်ဖမ်း တာမျိုးတွေက မဖြစ်သင့်ပါဘူး။ ဒီလုပ်ငန်းတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကခွင့်ပြုနိုင်ဖို့ လက်ရှိကျင့်သုံး နေတဲ့ ဗဟိုချုပ်ကိုင်မှုတွေကို လျှော့ချရမှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်၌ ကောလင်းမြို့နယ်အတွင်းရှိ သတ္တုသိုက်ဧရိယာတွင် အသေးစားသတ္တုလုပ်ငန်း ၈၀ ကျော်ကို တိုင်းဒေသကြီးအဆင့်က ၀င်ရောက်ဖမ်းဆီးကာ လုပ်ငန်းသုံးစက်များကိုပါသိမ်းယူသွားခဲ့ သည်ဟု အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။
“ကျွန်တော်က ကောလင်းသားဆိုတော့ မနေ့ညပိုင်းမှာ ကောလင်းဒေသခံတွေက ကျွန်တော်ဆီဖုန်းဆက် ကြတယ်။ အသေးစားသတ္တုလုပ်ငန်း ၈၀ ကျော်ကို တိုင်းအဆင့်က ၀င်ဖမ်းတာတဲ့။ လုပ်ငန်းရှင်တွေက မြို့ နယ်အဆင့်နဲ့ ညှိပြီးအလုပ်လုပ်နေကြတာ။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကလည်း သတ္တုလုပ်ငန်းတစ် ခုကို နှစ်သိန်းစီကောက်ထားသတဲ့။ ဒါပေမဲ့တိုင်းအဆင့်က လာဖမ်းတာဆိုတော့ လုပ်ငန်းတွေ လုပ်ငန်းသုံး စက်တွေ အစစဆုံးရှုံးနစ်နာနေကြတယ်”ဟု မဇ္ဈိမကို ပြောသည်။
သတ္တုတွင်း ဒု-၀န်ကြီး ဦးသန်းထွန်းအောင်၏ ပထမပိုင်းဖြေကြားချက်မှာ မေးခွန်းနှင့် ဆီလျော်မှုမရှိသည့် လုပ်ထုံးလုပ်နည်းများကို ခြုံငုံဖတ်ကြားသွားခြင်းသာဖြစ်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက“အဖြေတွေမှာ ဆီ လျာ်မှုနဲ့ ကတိက၀တ် ပါဝင်ဖို့လိုပါတယ်”ဟု သတိပေးခဲ့ရသေးသည်။
အသေးစားလုပ်ငန်းငယ်များအတွက် ခွင့်ပြုမိန့်ကိုဖြေကြားသည့်အခါမှသာ သတ္တု တွင်းဥပဒေ၊ နည်းဥပဒေ များ ပြင်ဆင်နေကြောင်း၊ ပြဋ္ဌာန်းပြီးပါက ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဒု-၀န်ကြီးကပြောကြားသည်။
“တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းလေးတွေအတွက် ၂၀၀၈ အခြေခံဥပဒေ ဇယား(၂)အတိုင်း တိုင်းဒေ သကြီး/ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့တွေကို ခွဲဝေပေးလိုက်ရုံနဲ့ ဒီကိစ္စတွေပြေလည်သွားနိုင်ပါတယ်။
ဗဟိုချုပ်ကိုင်မှုကိုလဲ မလျှော့ချ၊ ရှိ ပြီးသားတည်ဆဲ၊ အသက်ဝင်ဆဲ နည်းဥပဒေအတိုင်းလဲ မလုပ်ပေးလို့အခု လို နစ်နာဆုံးရှုံးမှုတွေ ဖြစ်နေရတာ။ ဘယ်တော့မှ အတည်ပြုနိုင်မယ်မသိတဲ့ ဥပဒေကိုစောင့်နေကြရမယ့် အစား တည်ဆဲဥပဒေ၊ နည်းဥပဒေတွေကပေးထားတဲ့ အခွင့်အရေးကိုပဲရယူစေသင့်တယ်”ဟုလည်း ဒေါ်တင်နွယ်ဦးက ပြောသည်။
ဒေသတွင်းသယံဇာတ ထုတ်လုပ်မှုများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်း ပုံအခြေခံ ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်များခွဲဝေပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့က တုံ့ဆိုင်း နေခြင်းသည် လည်း ယခုကဲ့သို့ ရွှေ့ပြောင်းလုပ်ငန်း အသေးစားများ ထိခိုက်နစ်နာနေရသည့်အကြောင်းရင်းတစ်ရပ်ဖြစ် သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားကြသည်။
No comments:
Post a Comment