Thursday, June 19, 2014

ပြည်သူကို ဗဟိုပြုတယ်ဆိုရင် စနစ်တကျနဲ့ မှန်မှန်ကန်ကန် သုံးဖို့လိုဟု သူရဦးရွှေမန်းပြော

စိုးသန်းလင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်မီးလင်းရေး အစီအစဉ်များကို ၂၀၁၂-၁၃ တွင် နယ်စပ်ရေးရာ ၀န်ကြီးဌာနက လည်းကောင်း၊ ပြီးခဲ့သည့် ၂၀၁၃- ၂၀၁၄ တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက လည်းကောင်း ဆောင်ရွက်ခဲ့ကြရာ တန်ဖိုးချင်းတူသော်လည်း အရည်အသွေး စံချိန် စံညွှန်းများ ကွာခြားခဲ့ခြင်းအပေါ် ပြည်သူ့ ငွေကို စနစ်တကျနှင့် မှန်မှန်ကန်ကန်သုံးဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

“ဒီ ဆိုလာမီးတွေမှာ အရင်နှစ်က သုံးလို့ကောင်းပြီး ၂၀၁၃-၁၄ ကျတော့ မကောင်းဘူးလို့ ပြောတယ်။ ဒါဆိုရင် ဒီလိုဖြစ်ရတာ ပြည်ထောင်စုဝန်ကြီးဌာန တာဝန်ရှိလား၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တာဝန်လား။ အမှန်တကယ် ပြည်သူ အခြေပြုတယ်ဆိုရင် ပြည်သူ့ငွေကို စနစ်တကျနဲ့ မှန်မှန်ကန်ကန် သုံးဖို့လိုတယ်”ဟု ၎င်းက ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး၊ ၁၃ ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်။

၂၀၁၂- ၁၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ ဖြိုးရေးဦးစီးဌာနရုံးချုပ်သည် တမူးမြို့နယ်၊ ရွာသာကျေး ရွာ၌ တစ်အိမ် လျှင် ကျပ်နှစ်သိန်း ကျသင့်သော ၈၀- ၉၀ ၀ပ် ဆိုလာပြားတစ်ချပ်၊ ဘက်ထရီ ၁၂ ဗို့တစ်လုံး၊ ၁၀ အမ်ပီရာကွန်ထရိုလာ တစ် ခု၊ ၃၀၀ ၀ပ် အင်ဗာတာတစ်ခု၊LED မီးလုံး နှစ်လုံးနှင့် မီးချောင်းတစ်ချောင်း စသည့် စံချိန်စံညွှန်းသုံးရန် တင်ဒါစနစ်ဖြင့် ဆောင် ရွက်ခဲ့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန ဒု-၀န်ကြီးက ဖြေကြားသည်။

ထို့အပြင် ဒု-၀န်ကြီးက “၂၀၁၃- ၁၄ ဘဏ္ဍာနှစ်ကျတော့ မွေးရေနဲ့ ကျေးလက် ၀န်ကြီးဌာနက ကျေးလက် မီးလင်းရေးခွင့်ပြု ရန်ပုံငွေကျပ် ၉၀ ဒသမ ၈ သန်းကို စစ် ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကို လွှဲ ပြောင်း အပ်နှံပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့က တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါ တယ်”ဟူ၍လည်း ရှင်းပြခဲ့သည်။

ဒု-၀န်ကြီး၏ရှင်းပြချက်အရ တိုင်း ဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနသို့ သက်မှတ်စံချိန်စံညွှန်းနှင့်အညီ ညွှန်ကြား ခဲ့ကြောင်း၊ ၀ပ် ၉၂ ဆိုလာပြားတစ်ချပ်၊ ၁၂ ဗို့ ဘက်ထရီတစ်လုံး၊ ကွန်ထရိုလာနှင့် အင်ဗာတာတစ်ခု၊ ကေဘယ်ကြိုး ငါးမီတာ နှစ်ချောင်း၊LED မီး လုံးနှစ်လုံး၊ ၂၂ လက်မ Flat တီဗီကြည့်နိုင်ခြင်းစသည့် တစ်အိမ် လျှင် ကျပ်နှစ်သိန်းတန် စံချိန်စံညွှန်းများ ဖြင့် ဆိုလာမီးများ တပ်ဆင်ပေးခဲ့ကြောင်း လည်း သိရသည်။

ထို့သို့ တစ်အိမ်လျှင် ကျပ်နှစ်သိန်းတန် စံချိန်စံညွှန်းများဖြင့် ဆိုလာမီးတပ်ဆင်ပေး ခဲ့သော်လည်း ၂၀၁၂- ၂၀၁၃ တွင် ယခင် နယ်စပ်ရေးရာဝန်ကြီးဌာနက တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေက ယနေ့အစည်းအဝေး မှတစ်ဆင့် အစိုးရအဖွဲ့သို့မေးမြန်းခဲ့ခြင်းကို ၎င်းက ဖြေကြားခဲ့ ခြင်း ဖြစ်သည်။

တစ်အိမ်လျှင် ကျပ်နှစ်သိန်းတန် ဆိုလာမီးချင်းတူပါလျက် အရည်အသွေးနှင့် စံချိန်စံညွှန်းမတူရသည့် အ ကြောင်းနှင့် ပတ်သက်ပြီး “တိုင်းဒေသကြီးအစိုးရက တင်ဒါခေါ်တဲ့အခါမှာ Quick Win ဖြစ်ဖို့ (အိမ်အလုံး ရေ တိုးမြှင့်တပ်ဆင်နိုင်ဖို့) အတွက် Lighting တစ်မျိုးတည်းသုံးနိုင်တဲ့ စံချိန်စံညွှန်း ပြောင်းလဲသတ်မှတ် ခဲ့ပါတယ်။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ ကျပ် ၄၇၀ ဒသမ ၆ သန်းကိုတော့ မြို့ နယ် ရှစ် မြို့ နယ်၊ ကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၂,၃၅၃ လုံးအတွက် ဆိုလာမီးရအောင်ခွင့် ပြုချက်ရခဲ့ပါတယ်။ အဲဒါကို တော့တိုင်း ဒေသကြီးအစိုးရက စီစဉ်ဆောင်ရွက်ခဲ့တဲ့ စနစ်ထက် အရည်အသွေးပိုကောင်းတဲ့ ပုံစံ နဲ့ ဆောင်ရွက်သွားမှာပါ”ဟုလည်း ဒု-၀န်ကြီး က ဖြေကြားခဲ့သည်။

တိုင်းဒေသကြီး အစိုးရကမူ ပြည်သူ ဗဟိုပြု စီမံခန့်ခွဲသည့်စနစ်ကို ကျင့်သုံးပြီး ဒေသအလိုက် လိုအပ်ချက် နှင့်လူထု၏ တောင်းဆိုတင်ပြချက်များအပေါ် ဆောင် ရွက်ပေးရခြင်းဖြစ်သဖြင့် ဆိုလာမီးစံနှုန်း သတ် မှတ် ချက်များကို ပြောင်းလဲခဲ့ရခြင်း ဖြစ်ကြောင်း Quick Win ကိုသာ ဦးစား ပေးဆောင်ရွက်ခဲ့သဖြင့် အိမ်ခြေ များများ မီးရခဲ့သည်ကို တွေ့နိုင်ကြောင်းလည်း ဒု-၀န်ကြီးက ရှင်းပြခဲ့သည်။

သို့ရာတွင် လက်တွေ့၌ အချို့ရွာများ တွင် ဆိုလာမီး တပ်ဆင်အပြီး တစ်လခန့် အကြာမှာပင် Lighting ရိုးရိုးအတွက်ပင် သုံးစွဲ၍ အဆင်မပြေတော့ကြောင်း၊ အိမ် ခြေများများ မီးရခြင်းကို ထောက်ခံသော် လည်း အချိန်ကာလတစ်ခုအတွင်း အာမခံ ချက်ရရှိသင့်သည့် စံချိန်စံညွှန်းမျိုးနှင့် ပွင့်လင်းမြင်သာမှုမျိုး ရှိစေလို ကြောင်း တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေက ဒု-၀န်ကြီး ဖြေကြားအ ပြီးတွင်ဆက်စပ် မေးခွန်းထုတ် ရင်း တောင်းဆိုခဲ့ရာ ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်တွင် ကျေးလက်မီးလင်းရေး အစီအစဉ်၌ ရွာ ၁၇၂ ရွာအတွက် ငွေကျပ် ၃,၃၀၀ ဒသမ ၈ သန်း ခွင့်ပြုထားပြီးဖြစ်ရာ ဒေသ ခံပြည်သူ တို့၏ ၀ယ်ယူသုံးစွဲနိုင်မှု၊ ဖမ်းယူ ကြည့်ရှုနိုင်မှု အခြေအနေများပေါ် မူတည် ပြီး တိုင်းဒေသကြီးအ စိုးရအ ဖွဲ့ထံ တင်ပြလျှင် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း ဒု-၀န် ကြီးကပင် ဖြေကြားခဲ့သည်။

နိုင်ငံတော်က ခွင့်ပြုထားသော ပြည်သူ့ဘဏ္ဍာငွေများကို စနစ်တကျနှင့် မှန်မှန်ကန်ကန်သုံးစွဲရုံသာမက အသုံးပြု သည့် ပစ္စည်းများကိုလည်း အရည်အချင်း ပြည့်မီအောင် စီမံရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက အစိုးရအဖွဲ့အား တိုက်တွန်းခဲ့သည်။

No comments: