ABC
မြန်မာနိုင်ငံက ပျူခေတ်ကတည်းက ရှိခဲ့တဲ့ မြို့ဟောင်းသုံးခုကို ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က ကမ္ဘာ့အမွေအနှစ် စာရင်းထဲမှာ ထည့်သွင်းလိုက်တာကို မြန်မာနိုင်ငံက ကြိုဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက ကျင်းပ ပြုလုပ် ခဲ့တဲ့ ကမ္ဘာ့ အမွေ အနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီရဲ့ နှစ်ပတ်လည် အစည်း အဝေး အတွင်းမှာ ဧရာဝတီ မြစ်ဝှမ်း တလျှောက် မှာရှိတဲ့ ဟန်လင်း ၊ သရေခေတ္တရာနဲ့ ဗိဿနိုးမြို့ ဟောင်းတွေကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါမြို့တွေရဲ့ အုတ်နံရံနဲ့ မုဂ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က တည်ဆောက် ခဲ့တာ ဖြစ်ပြီးတော့ ဘီစီ ၂၀၀ နဲ့ ၉၀၀ ကြားလောက်မှာ ရှိခဲ့တာဖြစ်တယ်လို့ ယူနက်စ်ကိုကပြောပါတယ်။
မြန်မာနိုင်ငံက ရှေးဟောင်း မြို့တွေကို ကမ္ဘာ့ အမွေအနှစ် စားရင်းထဲမှာ ထည့်သွင်း နိုင်ဖို့ အတွက် ကြိုးစား လာခဲ့တာ ကြာပြီး ဖြစ်တဲ့ အတွက် အခုလို စာရင်းဝင် ဖြစ်သွားတဲ့ အပေါ်မှာ အရမ်းကို ၀မ်းသာ မိကြောင်း မြန်မာ ယဉ်ကျေးမှု ၀န်ကြီးဌာနက ရှေးဟောင်း သုတေသန ဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီခိုင်က အေအက်ဖ်ပီ သတင်းကိုပြောပါတယ်။
အခုလို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်သွားတဲ့ အတွက် ဒါကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ဖို့ ငွေကြေး အထောက်ပံ့တွေ ပိုမိုရရှိလာမှာဖြစ်လို ကမ္ဘာလှည့် အခရီးသွား တွေအတွက်လည်း စိတ်ဝင်စားစရာ နေရာတွေဖြစ်လာမှာဖြစ်ပါတယ်။
ပျူခေတ်က မြို့ဟောင်းတွေ ယူနက်စ်ကို စာရင်းဝင်ဖြစ်သွားသလိုမျိုးပဲ အခုဆိုရင် မြန်မာနိုင်ငံရဲ့ အထင်ကရနေရာလည်းဖြစ် စေတီပုထိုးမြို့တော်တည်ရှိတဲ့နေရာလို့လည်း တင်စားခေါ်ဝေါ်ကြတဲ့ ပုဂံကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့အတွက် မြန်မာအစိုးရက ဆက်လက် ကြိုးစားနေတယ် လို့လည်း ဒေါ်မီမီခိုင်က ပြောပါတယ်။

No comments:
Post a Comment