ABC
ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံနဲ့ Junction Square မှာ ပြုလုပ်နေတဲ့ “လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတစ်ကာရုပ်ရှင်ပွဲတော်” မှာ အမိုးမရှိတဲ့ကောင်းကင် “The Open Sky” အမည်ရှိ တဲ့ Documentry ဖြစ်ရပ်မှန် မှတ်တမ်းတင်ကား ကနေ ပြဿနာတွေ ဖြစ်လာမှာကို မလိုလားတဲ့အတွက် The Open Sky ကို မပြသတော့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
မိတ္ထီလာမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကို အခြေခံ ရိုက်ကူး ထားတာဖြစ် တဲ့အတွက် ဒီရုပ်ရှင်ကို ပြသလိုက်ရင် မြန်မာနိုင်ငံမှာ မလိုလား အပ်တဲ့ ပြသနာတွေ ဖြစ်လာ နိုင်ဖွယ် ရှိတယ်လို့ ပြောကြ တဲ့အတွက် မပြသတော့ တာဖြစ် တယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
“ကိုယ်တို့ ရုပ်ရှင် ပွဲတော် လုပ်တယ် ဆိုတာက လူမျိုးမတူ တဲ့သူတွေကြားထဲမှာ၊ ဘာသာမတူတဲ့ သူတွေကြား ထဲမှာပဋိပက္ခတွေကို ဖန်တီးဖို့ ဒီရုပ်ရှင်ပွဲတော်ကို ကျင်းပခဲ့တာမဟုတ်ဘူး။ တကယ်လို့ပဋိပက္ခတွေဖြစ်လာနိုင်ဖွယ်ရှိတယ်ဆိုရင်ကိုယ်တို့က ဒါကိုပြန်ပြီးတော့စဉ်းစားရမှာလေ။ ပြန်ပြီးတော့သုံးသပ်ရတော့မယ်။ ကိုယ်က ဒီရုပ်ရှင်ပွဲတော်ကိုစီစဉ်နေတဲ့ သူတစ်ယောက်အနေနဲ့ ဒီရုပ်ရှင်ကားကဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ တစ်ဖက်ဖက်ကနေပြီးတော့ ဖြတ်ပြီးတော့ ပြလို့အကျိုးရှိမယ်။ ဒါပေမယ့် ရွေးချယ်ခွင့်မရှိဘူးပေါ့နော်။ ဘာလို့လဲဆိုတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအနေအထားကိုလည်းသေသေချာချာကို နားလည်တဲ့သူ တစ်ယောက်အနေနဲ့ အဲလိုမျိုးဟာတွေကို ဖန်တီးဖို့မရှိဘူး။ဒါပေမယ့် အခုဟာက ပြဿနာတွေ ဖြစ်လာမယ့်အနေအထားလို့ဝိုင်းပြီးသုံးသပ်စဉ်းစားကြလို့ဒီရုပ်ရှင်ကားကိုပြသမယ့်ဟာကို ရပ်လိုက်တာပါ"
The Open Sky ဇာတ်ကားဟာ ဆန်ကာ တင်ဇာတ်ကား ၇၆ ကား မှာပါဝင်ပြီး မြန်မာ ဒါရိုက်တာ သုံးဖြစ်တဲ့ ဖြိုးဇေယျာကျော် ၊ကြယ်ရီလင်းစစ်၊ လင်းစစ်နွယ်တို့ က မိနစ် (၂၀)စာ ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်ကားမှာ မိတ္ထီလာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းအတွင်း နေအိမ်ဖျက်ဆီးခံရတဲ့ မွတ်စလင် အဒေါ်ဖြစ်သူထံ တူမက သွားရောက်ခဲ့ပုံနဲ့ အဒေါ်ဖြစ်သူရဲ့ ပဋိပက္ခအပေါ်အမြင် ၊ ပဋိပက္ခအတွင်း သူတို့ကို ကူညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာဝင် မိတ်ဆွေတစ်ဦးနဲ့ သူတို့ နှစ်ဦးကြား ထားရှိတဲ့ ခင်မင်မှု မေတ္တာတရားကို ရိုက်ကူးတင်ပြထားတာ ဖြစ်တဲ့အကြောင်း ရုပ်ရှင်ပွဲတော် ဇာတ်လမ်းအညွှန်းမှာ ဖော်ပြထားပါတယ်။
အဲဒီဇာတ်ကားဟာ မိတ္ထီလာအရေးအခင်းအတွင်း မွတ်စလင်တွေကို ဗုဒ္ဓဘာသာဝင်တွေက အနိုင်ကျင့်နေတယ်လို့ တစ်ဖက်သတ်ဝါဒဖြန့်ဇာတ်ကားဖြစ်တဲ့အတွက် ဝိုင်းဝန်းကန့်ကွက်ကြဖို့ ဇွန်လ ၁၄ ရက်နေ့ ညပိုင်းက Facebook လူမှုကွန်ယက်မှာ ပြန့်နှံ့နေတဲ့အတွက် အခုလို မပြသတော့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီသတင်းကို ရေဒီယိုသြစတြေးလျ သတင်းထောက် မေငယ်က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

No comments:
Post a Comment