Mizzima
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ်( NCA) အတွက် ခုနစ် ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၂၂ ရက်က ခြောက်ရက်မြောက် အဖြစ် ကျင်းပခဲ့ပြီးနောက် ခေတ္တ ရပ်ဆိုင်းလိုက်၊, မတ် ၃၀ ရက်တွင် ဆွေးနွေးပွဲ ဒုတိယပိုင်းကို ပြန်လည် စတင်မည် ဖြစ်သည်။
မူလက ဆွေးနွေးပွဲကို ခြောက်ရက်သတ်မှတ်ထားသော်လည်း အဖွဲ့အစည်းများတွင် အချင်းချင်း ပြန်လည် ဆွေးနွေးရမည့် အချက်များ ရှိနေ၍ ခေတ္တ ရပ်နားလိုက်ပြီး ခုနစ်ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို MPC တွင်ပင် ပြန်လည် ကျင်းပမည် ဖြစ်သည်။
No comments:
Post a Comment