Friday, March 20, 2015

မန္တလေး ကျုံးအတွင်းခုန်ချသည့်အမျိုးသားကို အသေတွေ့ရှိ

အောင်ကိုဦး

မန္တလေးမြို့ ၁၂ လမ်း ကျုံးအတွင်းသို့ မတ်လ ၁၂ ရက် ည ၈နာရီအချိန်ခန့်က အမျိုးသားတစ်ဦး ခုန်ချခဲ့သူကို ည ၁၀နာရီခန့်တွင် အလောင်းအား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး မန္တလေး ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ကျုံးတွင် ခုန်ချခဲ့သူမှာ ဌာနီနောက် ၃၂ ရပ်ကွက်တွင် နေထိုင်သော တိုက်ဆေးသုတ်လုပ် ငန်းလုပ်ကိုင်သည့် အသက် ၃၅ နှစ် ကိုထွန်းထွန်းဦးဖြစ်သည်။

ကျုံးအတွင်းခုန်ချခဲ့သဖြင့် မီးသတ်ယာဉ် ၅ စီး၊ လူမှုကူညီရေးအသင်း ၄ သင်းနှင့် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း ကယ်ဆယ်ခဲ့သော်လည်း အသေသာ တွေ့ရှိခဲ့သည်။

မျက်မြင်တွေ့သူ ဦးခင်အောင်က "ကျွန်တော်တို့မိသားစုက လမ်းလျှောက်နေတယ်။ ပြေးပြီးခုန် ချလိုက်တယ်။လူငယ်တွေ ရေထဲခုန်ဆင်းဆော့တယ်လို့ပဲ မှတ်တယ်။ အမှုမဲ့အမှတ်မဲ့ပါပဲ။ အခုမီးသတ် ကားတွေအများကြီးလာမှ ရေနစ်တယ်ဆိုတာသိတယ်"ဟု ပြောသည်။

ကျုံးထဲခုန်ချသူ၏ အဒေါ်တော်စပ်သူမှ "ဘာပြသနာမှတော့ မရှိဘူး။ သူအမေနဲ့တော့ စကား များတယ်။ အရက်လည်း နည်းနည်းသောက်တတ်တယ်"ဟု ပြောသည်။

No comments: