Monday, March 23, 2015

သရုပ်ဆောင် မင်းအုပ်စိုး၏ ရှေ့နေအပြောင်း အလဲဖြစ်

ကျော်စိုးမိုး

လူသတ်မှုဖြင့် တရားစွဲဆို ခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေဒေါ်ခင်သိန်းမှာ ၎င်းကို ယခင်ကအပ်ထားသည့် အမှုများဆောင် ရွက်ပေးရန် ရှိနေသဖြင့် မင်းအုပ်စိုး၏ အမှုကို လိုက်ပါ ဆောင်ရွက်ခြင်း မပြုနိုင်တော့ ဟုရှေ့နေ ဒေါ်ခင်သိန်း ကပြော သည်။

"အန့်တီကို အရင်အပ် ထားတဲ့ အမှုတွေကို နယ်တွေ ဘက်ထိ လိုက်ပါဆောင် ရွက်နေရတဲ့ အတွက်ကြောင့် သူ့ရှေ့နေ အဖြစ် မဆာင်ရွက်တာပါ၊ တခြားဘာ အကြောင်းကြောင့် ရယ်မှ မဟုတ်ပါဘူး။ " ဟု တရားလွှတ်တော်ရှေ့နေဒေါ် ခင်သိန်းက မဇ္ဈိမ ကိုပြောသည်။

လက်ရှိအချိန်တွင် သရုပ်ဆောင် မင်းအုပ်စိုး ၏ရှေ့နေအဖြစ် တရားလွှတ်တော်ရှေ့နေဒေါ်ခင်ခင်စိုး ကဆောင်ရွက်နေသည်။

တရား လွှတ်တော်ရှေ့နေဒေါ် ခင်သိန်းက မင်းအုပ်စိုးရှေ့နေ အဖြစ်ဆောင် ရွက်စဉ်က တရားခွင်တွင် ၎င်းမေးမြန်း ခဲ့သည့်မေးခွန်း အချို့ကို တရား သူကြီးက မမေးမြန်းရန် တားမြစ်ခြင်း ခံခဲ့ရသည်။

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ အမှုအတွက် တတိယအကြိမ်မြောက် ရုံးချိန်းကို မတ်၁၈ရက်၊ နံနက်ပိုင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် ဗဟန်းမြို့ မရဲစခန်းက ဒုရဲတပ်ကြပ်အောင်အောင် ကိုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဒုရဲတပ်ကြပ်အောင်အောင်က ၎င်း၏အထက်အရာရှိများက သရုပ်ဆောင် မင်းအုပ်စိုးအိမ်တွင် အမှုဖြစ်သွား သွားရမည် ဆိုသဖြင့် လိုက်ပါ သွားခဲ့ခြင်းဖြစ်ပြီး၊ အိမ်အရောက် တွင်နှစ်ယောက် ခုတင်ပေါ် တွင်ဒဏ်ရာ များဖြင့်သေဆုံးနေ သည့်တေးနုရင် ကိုတွေ့ပြီး၊ အဆိုပါ အခင်းဖြစ် စဉ်ကိုကိုယ်တိုင်
မြင်တွေ့ ခဲ့ခြင်း မရှိပါဟုထွက်ဆိုခဲ့သည်။

အမှုဖြစ်စဉ်မှာပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ၂၅ ရက်၊ နံနက် ၂ နာရီခွဲ ဝန်းကျင်က ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်း တွင်ရှိသည့် မင်းအုပ်စိုး ၏နေအိမ် တွင်သရပါမဂ္ဂဇင်း အယ်ဒီတာ မနုနုရင်(ခ)တေးနုရင်ကို လူမှုရေး ကိစ္စမေးမြန်းရာမှမေးမရသဖြင့် မင်းအုပ်စိုး ထိုးကြိတ် ရိုက်နှက်ခဲ့ပြီး မနုနုရင်သေ ဆုံးခဲ့သည်။

မနုနုရင်(ခ)တေးနု ရင်သည် သရပါ မဂ္ဂဇင်းတွင် တာဝန် ထမ်းဆောင်နေ သည်မှာ ၇နှစ်ဝန်းကျင်ခန့် ရှိနေပြီဖြစ်ပြီး ၎င်းအလုပ် လုပ်သည့် သရပါ မဂ္ဂဇင်း တိုက် သည် မင်းအုပ်စိုး၏ နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်းဖောင်ပိတ်သည့်ရက်များတွင် တိုက်၌ပင်ညအိပ်လေ့ရှိသူတစ်ဦးဖြစ်သည်။

အဆိုပါအမှုကို ဗဟန်းမြို့မရဲစခန်းက (ပ) ၅၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင် တရားသူကြီး (၃) ကစစ်ဆေး လျက်ရှိသည်။ လာမည့် မတ် ၂၅ ရက်တွင် တရားလိုပြသက်သေတစ်ဦးကို ထပ်မံစစ်ဆေး မည်ဖြစ်သည်။

No comments: