ကေဇူး
လက်ပံတောင်းစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသည့် သံဃာတော်များ မီးလောင်ခံရခြင်းကြောင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို ကို မီးလောင်သံဃာများက တရားစွဲဆိုမည်ဖြစ်ပြီး ထိုသို့ တရားစွဲဆိုနိုင်ရန် မြန်မာနိုင်ငံရှေ့နေများကွန်ရက်နှင့် နိုင်ငံတကာ ရှေ့နေများအဖွဲ့တို့ ပူးပေါင်း၍ ကူညီသွားမည် ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောကြားလိုက်သည်။
ရန်ကုန်မြို့ Orchid ဟိုတယ်တွင် မတ် ၁၆ ရက်က ပြုလုပ်သော Justice Ttust ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
"ဒီဖြစ်စဉ်မှာ တာဝန်အရှိဆုံးက ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်နေပါတယ်။ ဒါကြောင့် ဒီတာဝန်အရှိဆုံး ဖြစ်သူကို တရားစွဲတာပါ။မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးမှု ဆိုတာကို မေးခွန်းထုတ်မယ့် အရာဖြစ်ပါတယ်။ "ဟု တရးလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
ထိုသို့ တရားစွဲဆိုရေးအတွက် သက်ဆိုင်ရာမြို့နယ် စခန်းတွင် အမှုဖွင့်ခဲ့သော်လည်း လက်ခံခြင်းမရှိသဖြင့်၊ ခရိုင် တရားရုံးတွင် အယူခံဝင်ခဲ့ပြီး ထိုမှတစ်ဆင့် တိုင်းတရားရုံးတွင် ထပ်မံ အယူခံဝင်ရာ မန္တလေးတိုင်းတရားရုံးက လက်ခံခဲ့သည် ဟုဆိုသည်။
"အထက်ကို တင်ပြမယ်ဆိုတယ် ကျွန်တော်တို့ စောင့်သင့်စောင့်ထိုက်တဲ့ ကာလတစ်ခုစောင့်မယ်။ မရရင် ဗဟိုကို ဆက်တက်မယ် "ဟု ဦးအောင်သိန်းကပြောသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက လက်ပံတောင်း ကြေးနီးစီမံကိန်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် သံဃာတော်များကို ရဲတပ်ဖွဲ့ဝင်များက ဖြိုခွဲခဲ့ရာ သံဃာတော်များ မီးလောင်ဒဏ်ရာများ ရခဲ့ခြင်းဖြစ်ပြီး နှစ်နှစ် ကျော်အကြာတွင် တရားစွဲဆိုရန် ပြင်ဆင်လာခြင်းဖြစ်သည်။
နစ်နာသူ သံဃာနှစ်ပါး ကိုယ်စား လက်ပံတောင်းဒေသခံ ကိုနေသီဟက တရားလိုအဖြစ် တရားစွဲဆိုသွား မည်ဖြစ်သည် ဟုဆိုသည်။ လက်ပံတောင်း ဆန္ဒပြမှု ဖြိုခွင်းမှုတွင် သံဃာတော် အပါး ၁၀၀ ကျော် ဆေးရုံတင်ခဲ့ရပြီး ၅၇ ပါးမှာ ဆိုးရွားသော မီးလောင်ဒါဏ်ရာများ ရရှိခဲ့သည် ဟု Justice Ttust က ထုတ်ပြန်သည်။
No comments:
Post a Comment