Sunday, March 1, 2015

ဖွဲ့စည်းပုံပြင်ဆင်ရန် တိကျသည့် ဆုံးဖြတ်ချက် မရှိသည်ကို ထောက်ပြထားသည့် အစီရင်ခံစာ မတ်လတွင် ထုတ်ဝေမည်

ဟိန်းကိုစိုး

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရန် တိကျသည့် ဆုံးဖြတ် ချက်များ ချမှတ်နိုင်ခြင်း မရှိခဲ့သည့် ၁ဝ ကြိမ်မြောက်ပြည်ထောင်စု လွှတ်တော် အစည်း အဝေး စောင့်ကြည့်လေ့လာထားသည့် အစီရင်ခံစာကို မတ်လတွင် ထုတ်ပြန် မည်ဟု ပွင့်လင်းမြန် မာ့ရှေ့ဆောင် ဦးဆောင်ညွှန် ကြားရေးမှူး ဦးအေးကျော် ကဖေဖော် ဝါရီ ၂၇ ရက်တွင် မဇ္ဈိမ ကိုပြော သည်။

၎င်းက''ရှေ့က အကြိမ်တွေထက် ပိုအချိန်ပေး၊ ဦးစားပေးတယ် အကြောင်း အရာကို။ ဒါပေမယ့် လွှတ်တော်အတွင်းပြင်နိုင် တဲ့အချက်တွေကို အချိန်ကာလတစ်ခု အပြီးလုပ် ဖို့ ဆုံးဖြတ်တာ မရှိဘူး'' ဟုဖွဲ့စည်း ပုံပြင် ဆင်ရေးနှင့် ပတ်သက်ပြီး ဆိုသည်။

ပြည်ထောင်စု လွှတ်တော် အပါအဝင်ပြည်သူ့ လွှတ်တော် အမျိုးသား လွှတ်တော် တို့၏ ပထမ အကြိမ်မှ နဝမ အကြိမ်ထိ စုပေါင်းစောင့် ကြည့်မှု များကို သုံးကြိမ်အထိ ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။၁ဝကြိမ်မြောက် လွှတ်တော်အစည်းအဝေး တစ်ခုကိုသာစောင့် ကြည့်လေ့လာ သည့်လေးကြိမ်မြောက်အစီရင်ခံ စာကိုမူမတ်လဆန်းတွင် ထုတ်ပြန် မည်ဖြစ်သည်။

ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲဖြင့်ပြင်ဆင် ရမည့် ဖွဲ့စည်းပုံပါ ဥပဒေပုဒ်မ ၄၉ ခုအပြင် လွှတ်တော် အတွင်း ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ၏ထောက်ခံ မှုဖြင့်ပြင် ဆင်နိုင်သည့် ပုဒ်မများ ကိုပင် လက်ရှိအချိန်ထိ မည်သို့ပြင် ဆင်မည်ကို ကိုယ်စား လှယ်အ များစု သိရှိခြင်း မရှိပေ။

ဥတ္တရသီရိမဲဆန္ဒ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက''ဖွဲ့စည်းပုံပြင်ဖို့ အခုပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေထုတ်တယ်။ ဒီလောက်ပါပဲ၊ တခြားဘယ် ဟာတွေ ကိုပြင်မလဲဆိုတာတော့ လွှတ်တော်မူ အရကော်မတီ ကလွဲပြီး ဘယ်သူမှ မသိ ရသေးဘူး''ဟု ဆိုသည်။

၂ဝ၁၆ ခုနှစ်၊ မတ်လအကုန်တွင် လွှတ်တော် သက်တမ်း ကုန်ဆုံး မည်ဖြစ်သည့် အတွက်ပြည်ထောင်စု လွှတ်တော် နာယ က သူရဦးရွှေမန်း ကလည်း သက်တမ်း မကုန် မီခြောက် လအတွင်း အတိုင်းအတာ တစ်ခု အထိပြင် ဆင်ပြီးသည့် ဖွဲ့စည်း ပုံအခြေခံ ဥပဒေ တစ်ရပ်ကို ရရှိအောင်ဆောင် ရွက်မည် ဟုလည်း ဆိုထားသည်။

ယင်းအတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကလည်း ရွေးကောက် ပွဲကို ၂ဝ၁၅ ခုနှစ် ၊အောက်တို ဘာနောက်ဆုံး အပတ်နှင့် နိုဝင်ဘာ ပထမအပတ်အကြားတွင် ကျင်းပပေးမည်ဟု ကော်မရှင် က မှတ်ပုံ တင်ခွင့် ခွင့်ပြုထား သည့်နိုင်ငံရေး ပါတီ ၇၁ ပါတီနှင့်ပြည်သူ အားလုံးကို ကတိပြု ထားသည်။

No comments: