ခိုင်ရွှေရည်
၂၀၁၃ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ မြို့လယ်ခေါင်အပါအ၀င် လူနေမှု အချက်အချာကျသည့် မြို့နယ်၊ ရပ်ကွက်များ၌ ပုဂ္ဂလိက ၂၄ နာရီစတိုးဆိုင်တွေ တော်တော်များများ ဖွင့်လှစ်လာခဲ့သည်။ ထိုသို့ ဖွင့်လှစ်ရောင်းချခြင်းက ရပ်ကွက်နှင့် မြို့နယ်များတွင် ဖွင့်လှစ်လျက်ရှိသည့် မိသားစုတစ်နိုင်တစ်ပိုင် အိမ်ဆိုင်များအတွက် စိန်ခေါ်မှု ရှိနေသည်ဟု သိရသည်။
အဆိုပါ ပုဂ္ဂလိက၂၄ နာရီ စတိုးဆိုင်များ၏ ဝန်ဆောင်မှုအား၊ နေရာယူမှုအားနှင့် ငွေကြေးသုံးစွဲနိုင်မှုအပေါ် မိသားစု တစ်ပိုင်တစ်နိုင် အရောင်းဆိုင်များ အနေဖြင့် အနည်းနှင့် အများဆိုသလို စိုးရွှံ့မှု ရှိနေသည်။
သို့သော် ရပ်ကွက်တွင်းနေထိုင်သူများ၏ အကြိုက်ကိုမူ ၂၄ နာရီ စတိုးဆိုင်များထက် ရပ်ကွက်တွင်းဆိုင်တွေက ပိုပြီးသိနိုင်ကြောင်း လေးနှစ်ကျော်ကြာ သူငယ်ချင်းများနှင့် အတူ စတိုးဆိုင်လုပ်ငန်းကို အစုစပ်လုပ်ကိုင်လာသူ ကိုကျော်မောင်မောင်က ပြောသည်။
"ရပ်ကွက်ထဲက ဆိုင်ကတော့ ပိုစုံမှာပဲ။ နှစ်ပေါင်းလည်း ကြာလာပြီဆိုတော့ အကြိုက်လည်း သိတာပေါ့။ ဒါပေမယ့် ဝန်ဆောင်မှုပိုင်းမှာကျတော့ ၂၄ နာရီတို့ ကွန်ဗီးနီးယန့်တို့ကို တစ်ပိုင်တစ်နိုင်တွေက မမှီပြန်ဘူး။ သူတို့က ဝန်ဆောင်မှုပေးတာ ပိုကောင်းတယ်။ ဝင်တဲ့ အခါပေးတာတို့ ဘာမှမဟုတ်ပေမယ့် မသိမသာစိတ်ထဲမှာ ပျော်ရွှင်ပေးတာပေါ့။ အဲဒါကပိုပြီးတော့မှ ကွန်ဗီးနီးရန့်နဲ့ တစ်ပိုင်တစ်နိုင် တစ်ပိုင်တစ်နိုင်က ပြုတ်ကျန်ခဲ့တာ အဲဒီ့မှာပြုတ်ကျန်ခဲ့တာ။ ၂၄ နာရီဝန်ဆောင်မှုတွေ များလာတော့ ကြောက်တော့ ကြောက်ရတယ် တော်တော့်ကို ကြောက်ရတယ်။ သူတို့နေရာယူမှုအား ပြီးတော့ သူတို့ငွေကြေးသုံးနိုင်မှုအား ဘယ်လိုမှမယှဉ်နိုင်သေးပါဘူး" ဟု ကိုကျော်မောင်မောင်က ပြောသည်။
၂၄ နာရီဖွင့်သည့် စတိုးဆိုင်များကို ရန်ကုန်မြို့၏ မြို့လည်ခေါင် လူစည်ကားရာ ကားမှတ်တိုင်ကဲ့သို့ နေရာများ အပါအဝင် အချက်အချာကျသည့် ရပ်ကွက်များတွင် အဓိကထားကာ ၂၀၁၃ခုနှစ်နောက်ပိုင်းမှ စတင်ကာ ယခုအချိန်ထိ ဖွင့်လှစ်လျက်ရှိရာ ဆိုင်ပေါင်း၂၀၀ကျော်ရှိပြီဖြစ်သည်။
ပိတ်ရက်မရှိ ၂၄ နာရီ ဖွင့်လှစ်ရောင်းချသည့် စတိုးဆိုင်များ အနေဖြင့် ဈေးဝယ်သူများ၏ အရေးပေါ်လိုအပ်နိုင်မည့် ပစ္စည်းတွေကို စုံလင်စွာထားရှိရပြီး ရပ်ကွက်တွင်းကဆိုင်တွေကမူ ပုံမှန် ညဘက် ၁၀နာရီခန့်တွင် ပိတ်လေ့ရှိတာကြောင့် အချိန်မရွေး ဝယ်ယူနိုင်တာဟာလည်း အားသာချက်ဖြစ်နေသည်ဟု ၂၄နာရီဖွင့်လှစ်သည့် City express ဆိုင်၏ အမှုဆောင်ဒါရိုက်တာ ဦးဇော်မင်းလတ်က ပြောပြပါတယ်။
"အဓိကကတော့ အရေးပေါ်လိုအပ်နိုင်မယ့် ပစ္စည်းတွေကို စုံစုံလင်လင်ထားရှိတယ်။ ကျွန်တော်တို့က ၂၄ နာရီဖွင့်ထားတယ်။
ပိတ်ရက် မရှိဖွင့်ထားတယ်။ အဲဒီ့အခါ ကျတော့ ဈေးဝယ်သူဘက် အရေးတကြီးလိုလာရင်လည်း စီးတီးအိတ်စ်ပရက်လို ဆိုင်မျိုး ရုတ်တရက် သူတို့အတွေးမျိုးထဲ ဝင်လာအောင် ဒီလိုဆိုင်တွေက ဖွင့်တားပါတယ်၊ ဆိုတဲ့ဟာမျိုးသိသာအောင် သူတို့ စိတ်ထဲ ကျွန်တော်တို့ ဆိုင်မျိုးအတွေးထဲရောက်အောင် ကြိုးရပါတယ်" ဟု ၎င်းက ရှင်းပြသည်။
ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်သူ တစ်ဦးကတော့ ဒီ ၂၄ နာရီဆိုင် နှင့် မိသားစုတစ်နိုင် အရောင်းဆိုင်များ ဈေးနှုန်းကွာဟမှု သိပ်မရှိသော်လည်း ၂၄နာရီဆိုင်များ၏ ဝန်ဆောင်မှုကို ပိုမိုသဘောကျကြောင်း သူ့အတွေ့အကြုံကို ပြောသည်။
No comments:
Post a Comment