ကျော်ခင်
ရခိုင်ပြည်နယ်ရှိကမ်းရိုးတန်းသွားသင်္ဘောများနှင့် အမြန်မှန်လုံရေယာဉ်များမှာသတ်မှတ်လူဦးရေ နှင့် ကုန်ပစ္စည်းများ ပိုပြီးတင်ဆောင် နေသည်ကိုတွေ့ရှိရသဖြင့် ယင်းကဲ့သို့ မပြုရန်နှင့် တားမြစ် ခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့်ရေယာဉ်များအားရခိုင်ပြည်နယ် အစိုးရ အနေဖြင့် ဥပဒေ နှင့်အညီအရေးယူဆောင်ရွက်ပေးရန် မတ်လ ၁၆ ရက်နေ့ ရခိုင်ပြည်နယ် လွှတ်တော် (၁၂) ကြိမ် မြောက်ပုံမှန် အစည်းအဝေး၌ မာန်အောင်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသာ ညွန့်ကတိုက်တွန်းလိုက်သည်။
ရခိုင်ပြည်နယ်ကမ်းရိုးတန်းသွားအမြန်မှန်လုံရေယာဉ်များသည် ခရီးသည်သတ်မှတ်ဦးရေ ထက်ပိုမို တင်ဆောင်ခြင်းမပြုရန် ပြီးခဲ့သည့်ရခိုင်ပြည်နယ်လွှတ်တော် ဒသမအကြိမ် ပုံမှန်အစည်းအဝေး(၁၄-၈-၂၀၁၄)တွင်ပြည်နယ်လွှတ်တော်ဥက္ကဌက အဆိုတင်သွင်းခဲ့သည်ကိုလွှတ်တော် ကိုယ်စားလှယ်များထောက်ခံခြင်းဖြင့် တည်ပြုမှတ်တမ်းတင်ပြီးဖြစ်သော်လည်း သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့မှ ယင်းအဆိုကို လိုက်နာဆောင်ရွက်ခြင်းမရှိသေးကြောင်း အဆိုပြုလွှာဖြင့် ၄င်းကထပ်ဆင့် ဖေါ်ပြသည်။
ယင်းအပြင် ရခိုင်ပြည်နယ်ကမ်းရိုးတန်းတလျှောက်ပြေးဆွဲသောအမြန်မှန်လုံရေယာဉ်များ သည် တောင်ကုတ်-စစ်တွေ၊ စစ်တွေ-တောင်ကုတ်၊ စစ်တွေ-မာန်အောင်၊ မာန်အောင်-စစ်တွေ ခရီးစဉ် ကိုနေ့စဉ်ပြေးဆွဲနိုင်အောင် စီစဉ်ပေးရန်လည်း ဖေါ်ပြပါလွှတ်တော်ကိုယ်စားလှယ်က တောင်းဆို ထားသည်။
ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းတွင် ပုဂ္ဂလိကပိုင်ရွှေပြည်တန် (၃) စီး၊ မလိခ (၃) စီးနှင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးပိုင် အောင်တံခွန် (၆)စီးအနက် (၃) စီးတို့မှာ ၄င်းလှိုင်းပေါ်တွင် ပုံမှန်ပြေး ဆွဲနေသည်ကိုတွေ့ရှိရပြီးအဆိုပါရေယာဉ်များအနက် မတ်လ ၁၃ ရက်နေ့ အောင်တံခွန်(၃) သ င်္ဘောမှာနစ်မြုပ်ခဲ့သဖြင့် ခရီးသယ်ပြည်သူအသက်များစွာဆုံးရှုံးခဲ့ရကြောင်း၊ ယင်းကဲ့သို့ခရီး သည် နှင့်ကုန်ပစ္စည်းများကိုပိုမိုတင်ဆောင်နေသဖြင့် လှိုင်း၊ လေပြင်းထန်သောရခိုင် ကမ်းရိုးတန်းတွင် ဖေါ်ပြပါ အဖြစ်ဆိုးများထပ်မံမကျရောက်စေလိုကြောင်း (၈၈)ရခိုင်မျိုး ဆက်များလူမှုဖွံ့ဖြိုး တိုးတက် ရေးအဖွဲ့ အတွင်းရေးမှူး ဦးတိုက်အောင်ကထောက်ပြပြောဆိုသည်။
“စစ်တွေ-တောင်ဂုတ်ခရီးစဉ် ကျွန်တော်စီးလာတဲ့နေ့မှာရွှေပြန်တန်အမြန်မှန်လုံယာဉ်လက်မှတ် ၂၀၅
စောင်ရောင်းပြီးတွေ့တယ်၊ လက်မှတ်မဲ့ ကလေးက ၂၀ ကျော်ပါသေးတယ်၊ သင်္ဘောသားက ၉ ယောက်ပါတယ်၊ ပစ္စည်းတွေလည်းအများကြီးပါတယ်၊ ဘယ်လောက်စိုးရိမ်စရာကောင်း သလဲ ဆိုတော့ အဲဒီနေ့ကပင်လယ်ဟာငြိမ်သက်နေလို့ ကံကောင်းတယ်၊ လှိုင်းသာရှိမယ်ဆိုရင် နစ်မြုပ် မှာသေချာတယ်”ဟု၎င်းကဆိုသည်။
ရွှေပြည်တန်ရေကြောင်းပို့ဆောင်ရေးအမြန်ယာဉ်ကမာန်နေဂျာဦးစံဖေါ်သိန်းကမူ “ကျွန်တော်တို့ ယာဉ်ရဲ့ တစီးနှင့်တစီးကမတူဘူး၊ ခရီးအရှည်အတိုအပေါ်မှာ မူတည်တယ်၊ ပုံမှန်အားဖြင့်တော့ သတ်မှတ်ဦးရေ ၁၀၀ ကျော်လောက် တင်ဆောင်ပါတယ်၊ ကမ်းရိုးတန်းကျတော့ မှန်လုံရေ ယာဉ် တွေပဲသွားတယ်၊ ပြည်တွင်းဖက်ကိုမှန်အလုံမဟုတ်တာတွေဆွဲတယ်” ဟုဆိုသည်။
ရွှေပြန်တန်ရေးကြောင်းအမြန်မှန်လုံပို့ ဆောင်ရေးလုပ်ငန်းမှာ ပြည်သူများအဆင်ပြေစေအောင် လုပ်ဆောင်သည့်အလုပ်သာဖြစ်ကြောင်း၊ ၄င်းတို့ဖက်မှ ကျွမ်းကျင်သည့်အပိုင်းနှင့်သာ ၀န်ဆောင်မှု ကိုလုပ်ဆောင်နေခြင်းဖြစ်သဖြင့် ခရီးသည်များဖက်မှလည်းနားလည်မှုရှိကြောင်း၊ လှိုင်းလေသဘာ ၀ အခြေအနေများကို ကြည့်ပြီး အဆင်ပြေသလို သယ်ယူပို့ဆောင်ရခြင်းသာဖြစ်ပြီး အကန့် အ သတ်မရှိ ပိုမိုသယ်ဆောင်တာမျိုးမရှိကြောင်း ၄င်းမန်နေဂျာကရှင်းလင်းပြောကြားသည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံအနောက်ဖက်ဆုံးဘင်္ဂလားပင်လယ်နှင့် ထိစပ်တည်ရှိနေသဖြင့် လှိုင်း၊ လေပြင်းထန်သောပင်လယ်ကမ်းရိုးတန်းမိုင် ၃၆၀ ရှည်လျှားသောခရီးတွင် နှစ်သက်တမ်း ကြာမြင့်နေပြီး ကြံ့ခိုင်မှုအားနည်းသည့် သင်္ဘောဟောင်းများကို အန္တရာယ်ကြီးစွာ ပွတ်သိပ်တိုးစီးနင်း လိုက်ပါ နေကြရသည့်အတွက်ကြောင့် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်ခြင်းဖြင့် ခရီးသည်ပြည်သူအသက်ပေါင်း (၇၀) ခန့် သေဆုံးခဲ့ရပြီး၊ ၁၇၉ ဦးကို ကယ်ဆယ်လိုက်ရသည်။
သို့ဖြစ်၍ ရခိုင်ကမ်းရိုးတန်းသွားသင်္ဘောနှင့် အမြန်မှန်လုံရေယာဉ်များသည် သတ်မှတ်နှုန်း ထား ထက်ပိုမိုသယ်ယူပို့ဆောင်မှုမပြုလုပ်ရန်တားမြစ်ခြင်းနှင့် လိုက်နာခြင်းမရှိသောရေယာဉ် သင်္ဘော များကိုဥပဒေအရထိရောက်စွာအရေးယူပေးရန် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဦးသာညွန့်က ပြည်နယ်အစိုးရသို့တိုက်တွန်းအဆိုကို လက်ရှိကျင်းပနေသော ၁၂ ကြိမ်မြောက် ရခိုင်ပြည်နယ် လွှတ်တော်၌ တိုက်တွန်း အဆို တင်သွင်းခဲ့သည်။
ယင်းအဆိုအား ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment