ရေခဲ (ပြည်)
ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့တွင် မတ်လ ၁၈ ရက်က တောင်ပြိုကျသည့် မြေကြီးများထိမှန်ပြီး အသက်(၂၄)နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရသည်ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ မကွေးတိုင်း ကံမမြို့နယ် ဥသျှစ်ချိုကျေးရွာနေ အသက် (၂၄) နှစ်အရွယ် မစန်းစန်းအေးသည် ထိုနေ့ နေ့လယ် ၁၁ နာရီအချိန်က မစန်းစန်းအေးသည် ခင်ပွန်းဖြစ်သူ ဦးသက်လွင်ဦး၊ တစ်ရွာတည်းနေ ဦးညီထွန်း၊ မမိုးမိုးခိုင်တို့နှင့်အတူ ပန်းတောင်မြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု ရွှေဘုံသာကျေးရွာ အနီး မြေနီတောင်မှ လမ်းခင်းကျောက်များကို မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်ရန်အတွက် ဆောင်ရွက်ခဲ့ကြသည်။
မစန်းစန်းအေးသည် ကျောက်များမတင်မီ အနီးရှိမြေနီကမ်းပါးခြေသို့ အပေါ့သွားခဲ့ရာ မြေနီတောင်မှ မြေကြီးများ ပြိုကျပဲ့ထွက်ပြီး ၎င်းအား ထိမှန်ခဲ့ရာ နှာခေါင်းသွေးထွက်ဒဏ်ရာ ဝဲ/ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်က ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပန်းတောင်းမြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ်(၁/၂၀၁၅) ဖွင့်ကာ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
No comments:
Post a Comment