DVB
နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ မြန်မာအသင်း ပွဲစဉ်တွေကို သွားရောက် ကြည့်ရှု့လိုသူတွေအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က တရားဝင် အသိအမှတ်ပြု ခရီးစဉ်ကို အင်္ဂလန်နိုင်ငံ Visita Travel က ရောင်းချခွင့် ရရှိထားပါတယ်။
မြန်မာယူ ၂၀ အသင်း ကန်မယ့် အုပ်စုပွဲ ၃ပွဲအတွက် လက်မှတ် အပါအ၀င် ၈ ညအိပ် ၉ ရက် ခရီးစဉ် ပါဝင်ပါတယ်။
စိတ်ဝင်စားသူတွေအနေနဲ့ www.visitatravel.com/myanmaru20/ မှာ သွားရောက် လေ့လာ လက်မှတ် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။
မြန်မာ-အမေရိကန်နဲ့ မြန်မာ-ယူကရိန်း ၂ပွဲကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံပြင်ပက ၀ယ်ယူရင် ဒေါ်လာ ၁၅၀၀ နဲ့ ပြည်တွင်းက ဆိုရင်တော့ ဗီဇာကြေးနဲ့ ခရီးသွား အာမခံအပါအ၀င် ဒေါ်လာ ၁၈၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။
မြန်မာပွဲစဉ် ၃ ပွဲစလုံး ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံ ပြင်ပက၀ယ်ယူရင် ဒ်ါလာ ၂၉၀၀နဲ့ ပြည်တွင်းကဆိုရင်တော့ ဗီဇာကြေးနဲ့ ခရီးသွား အာမခံ အပါအ၀င် ဒေါ်လာ ၃၃၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။
ဒီကုန်ကျစရိတ်တွေမှာ နယူးဇီလန်ကို အသွားအပြန် လေယာဉ်ခ၊ နယူးဇီလန် ဗီဇာကြေး၊ အစားသောက်နဲ့ အာမခံကြေးအပါအ၀င် တကိုယ်ရေ အသုံးစရိတ်တွေ မပါဝင်ဘူးလို့ ဆိုပါတယ်။
ရောင်းချခွင့် မရှိတဲ့ ကုမ္ပဏီ၊ ကိုယ်စားလှယ်နဲ့ အဖွဲ့အစည်းတွေဆီကနေ ၀ယ်ယူရင်တော့ ကွင်းအတွင်း ၀င်ရောက်ခွင့် ပိတ်ပင်ခံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
Visita Travel ဟာ အင်္ဂလန်နိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာပိုင် ခရီးသွား လုပ်ငန်းလည်း ဖြစ်တယ်လို့ ကြေညာထားပါတယ်။

No comments:
Post a Comment