သီဟကိုကို
Telematic စနစ် တပ်ဆင်ခြင်းမပြုသည့် မော်တော်ယာဉ်များကို ရန်ကုန်-မန္တလေး အမြန်လမ်းကို အသုံးပြုခွင့်မပြုဘဲ အခြားလမ်းမှသာ မောင်းနှင်စေမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနက အသိပေးထားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မော်တော်ယာဉ် အန္တရာယ်ကင်းဝေးစေရေးနှင့် မော်တော်ယာဉ်ဆိုင်ရာ အချက်အလက်များ မှတ်တမ်းရယူနိုင်ရေးတို့အတွက် Traffic Information Center တည်ထောင်ထားပြီး အဆိုပါစင်တာက Telematics စနစ် အသုံးပြုကာ အမြန်လမ်းတွင် မောင်းနှင်သည့် မော်တော်ယာဉ် များကို မော်တော်ယာဉ်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ညွှန်ကြားချက်များ ပေးသွားမည် ဖြစ်သည်။
Telematics စနစ်သည် မြန်မာနိုင်ငံတွင် ရှိပြီးဖြစ်သည့် GSM Network ကို အသုံးပြုကာ Traffic Management System၊ Traveller Information System၊ Vehicle Control System များကို ဆောင်ရွက်နိုင်ပြီး အမြန်လမ်းပေါ်ရှိ ယာဉ် သွားလာမှုအခြေအနေ၊ ရာသီဥတုအခြေအနေ၊ အမြန်လမ်းနှင့် ပတ်သက်သည့် အချက်အလက်များကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်နေသည့် မော်တော်ယာဉ်များ၊ သတ်မှတ်နေရာမဟုတ်ဘဲ ယာဉ်ရပ်နားခြင်း များကို Telematic စနစ် အသုံးပြုပြီး ပထမအဆင့်အဖြစ် သတိပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အဖြစ် သတိပေးသည်ကို မလိုက်နာပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။
Telematic စနစ်မှ ရရှိလာသည့် အချက်အလက်(Data) အသုံးပြုကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး Telematic စက်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ဖျောက်ဖျက်ခြင်းများ ဆောင်ရွက်ပါက အရေးယူသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနက အသိပေးထားသည်။
Traffic Information Center ကို နေပြည်တော်၊ စီလမ်းဆုံ တိုးဂိတ်တွင် ယာယီထားရှိပြီး မော်တော်ယာဉ်များကို ၂၄ နာရီလုံး စောင့်ကြည့်နိုင်ကာ အရှိန်လွန်မောင်းနှင်ပါက Control Center က သတိပေး Alarm ပေးခြင်း၊ ယင်းအဆင့်မှ သတိပေးစကား ပြောကြည့်သည့်အဆင့်အထိ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သည်။
No comments:
Post a Comment