စိုးသန်းလင်း
၂ဝ၁၅-၁၆ ဘဏ္ဍာနှစ် အတွက် တိုးမြှင့်ပြင် ဆင်ထားသည့် လစာနှုန်း ထားသစ်များ ကိုပြည်ထောင်စု အစိုးရက ၂ဝ၁၅ မတ်လ ၂၃ ရက်နောက် ဆုံးထားပြီး လွှတ်တော် သို့ပေးပို့ နိုင်ရန် တိုက်တွန်းကြောင်း အဆိုကို ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ကန့်ကွက် သူမရှိ အတည်ပြုခဲ့သည်။
ပြည်ထောင်စု အစိုးရ၏ ၂ဝ၁၅ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်း ကိုပြည်ထောင်စု လွှတ်တော်က အတည်ပြုနိုင်ရေး အတွက် တိုးမြှင့်ပြင် ဆင်ထား သည့် လစာ နှုန်းထားသစ် များကိုပါ လွှတ်တော်သို့ တင်သွင်းရ မည်ဖြစ်ကြောင်းပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ၊ချောင်းဦးမြို့ နယ်အမတ် ဦးစောလှထွန်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြပြီး အဆိုတင် သွင်းခဲ့ရာ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက် တာလင်းအောင်က “ဖြစ်ချင်သည့် ဆန္ဒအပေါ် မကြည့်ဘဲဖြစ်နိုင်သည့် အခြေအနေ အပေါ်မှာ အလေးထား သုံးသပ်စေ လိုကြောင်း”ပြန် လည်ဖြေကြား ခဲ့သော် လည်းလွှတ်တော် နာယကက လစာတိုးနှုန်း ထားများကို လွှတ်တော်က ကြိုတင်သိသင့်သည် ဟုပြောကြားခဲ့သည်။
“အစိုးရစီမံခန့် ခွဲတဲ့နေရာမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့ လွှတ်တော်မှာ တာဝန်ရှိပါတယ်။အစိုးရကဘယ်လို စီမံခန့်ခွဲမယ်ဆိုတာ ကိုငွေရေးကြေးရေး ကိုဆုံးဖြတ်ပေး ရတဲ့ပြည်ထောင်စု လွှတ်တော်က သိဖို့မလိုဘူးလား လို့မေးစရာရှိ လာတယ်။ ဒါကြောင့် ဒီအဆိုကို လွှတ်တော်က ကန့်ကွက်သူ မရှိရင် အတည်ပြု ပါတယ်” ဟု သူရဦးရွှေမန်း ကပြောသည်။
ဘဏ္ဍာရေးဒုတိယဝန်ကြီး ၏ပြောကြားချက် အရမြန်မာနိုင်ငံတွင်ကာကွယ်ရေး ဝန်ကြီးဌာနအပါအဝင်ဝန်ထမ်းဦးရေ တစ်သန်း၊လေးသိန်း (၁,၄၀၀,၀၀၀)ကျော် ရှိပြီးတစ်နှစ် တာလစာငွေ မှာ၂ ဒသမ ၃ ထရီလီယံကျော် (တစ်လလျှင် ၂၀၀ ဘီလီယံကျော်) ရှိကြောင်း၊ ပင်စင်စား ဦးရေမှာ ၂၀၁၄ - ၁၅ တွင် ရှစ်သိန်းနှစ်သောင်းကျော် ရှိပြီး ၎င်းတို့အတွက် လစာငွေမှာ တစ်နှစ်လျှင် ကျပ်ဘီလီယံ ငါးရာကျော်ရှိ သဖြင့်နိုင်ငံတော် ကပေးနေသော လစာငွေ စုစုပေါင်းမှာ ကျပ် ၂၃၇ ဘီလီယံ( ၃ ဒသမ ၄ ထရီလီယံ)ရှိကြောင်း သိရသည်။
နိုင်ငံတော်၏ ၂ဝ၁၅ အသုံးစရိတ် အားလုံး၏ ၁ဝ ရာခိုင်နှုန်းနှင့် ၁၁ရာခိုင်နှုန်း ကြားရှိကြောင်း၊ ဝန်ထမ်းများ လစာကိုရေ ရှည်ပေးနိုင်ဖို့လည်း စီစဉ်ရကြောင်း ၊နိုင်ငံ့စီးပွားရေးက သိသိသာသာ တိုးတက်လာမှု မရှိသည် ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း ဘဏ္ဍာရေး ဒု-ဝန်ကြီးဒေါက်တာ လင်းအောင် ကလွှတ်တော် သို့ရှင်းပြ ခဲ့သည်။
No comments:
Post a Comment