Tuesday, March 17, 2015

အောင်တံခွန် သင်္ဘော အုပ်စု မှ သင်္ဘောဟောင်းများ ပြေးဆွဲမှု ရုတ်သိမ်းပေးရန် ရခိုင်အမျိုးသမီးအစည်းအရုံး တောင်းဆို

ကေဇူး

ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပြေးဆွဲနေသော အောင်တံခွန် သင်္ဘော အုပ်စုမှ သင်္ဘောများအပါအ၀င် အိုမင်းဟောင်းနွမ်းနေသော သင်္ဘောများကို ပြေးဆွဲနေခြင်းအား ရပ်တန့်ရန် ရခိုင်အမျိုးသမီးအစည်းအရုံးက တောင်းဆိုလိုက်သည်။
အောင်တံခွန် သဘောင်္ နစ်မြုပ်ခဲ့ပြီး လူ ငါးဆယ်ကျော် အသက်ဆုံးရှုံးခဲ့ခြင်းကြောင့် အောင်တံခွန်သဘောင်္အုပ်စုမှ အိုဟောင်းသင်္ဘောယဉ်များနှင့် အခြားအိုဟောင်းရေယဉ်များကို ပြေးဆွဲခြင်းမှ ရပ်တန့် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

"ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ရေကြောင်းပဲ သွားတဲ့အတွက် ခရီးသွားပြည်သူတွေလုံခြုံမှုရှိဖို့ အရေးကြီးတယ်။ ဒီသင်္ဘောတွေကလုံးဝသုံးဖို့ မသင့်တော့ဘူး"ဟု ဒေါ်စောမြရာဇာလင်းကဆိုသည်။

ပျောက်ဆုံးသွားသော စာရင်းအတိအကျကို ဖော်ထုတ်ပြီး သေဆုံးသူများကို နစ်နာကြေးပေးရန်၊ ရေကြောင်းတာဝန်ရှိသူများကို ထိရောက်စွာအရေးယူရန်၊ သင်္ဘောများတွင် အသက်ကယ်လှေများထားရှိရန် တောင်းဆိုထားသည်။

ထိုထုတ်ပြန်တောင်းဆိုချက်များကို ပြည်နယ် အစိုးရသို့ပေးပို့ သွားမည်ဖြစ်သည်။ မတ်လ ၁၅ ရက်အထိ ပြန်လည်တွေ့ရှိထားသောအလောင်းမှာ ၅၅ လောင်းရှိပြီဟု ပြည်နယ် အစိုးရ အဖွဲ့ကဆိုသည်။

သင်္ဘောတွင် လက်မှတ်ဖြင့်တရားဝင် စီးနင်းသူ ၂၁၆ ဦးရှိသည် ဟု ပြည်နယ်အစိုးရ အဖွဲ့က ထုတ်ပြန်ထားသော်လည်း အသက်ဘေးမှ လွတ်မြောက်လာသူ ဦးမောင်ဆန်းဝင်းက တရားမ၀င် လက်မှတ် ၀ယ်ယူ၍ စီးနင်းသူ လူဦးရေသုံးရာကျော်သည် ဟုဆိုသည်။

ပြည်နယ် အစိုးရ အဖွဲ့ဝင်များပါဝင်သော စုံစမ်းဆေးရေးကော်မရှင်ကို ရေယဉ်နစ်မြုပ်သည့်နေ့ညနေပိုင်းတွင် ဖွဲ့စည်းလိုက်သည်။

ထို့ပြင် ရေယာဉ်တာဝန်ခံ ဦးလှမောင်သိန်းကိုမြေပုံ မြို့မ ရဲစခန်းမှ (ပ) ၁၁/၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ အရ အရေးယူထားသည် ဟုပြည်နယ် အစိုးရအဖွဲ့ ပြန်ကြာရေးကော်မတီက ထုတ်ပြန်သည်။

ပြည်နယ် လွှတ်တော်ကမူ အောင်တံခွန် သင်္ဘောနစ်မြုပ်မှုသည် အစိုးရတွင် တာဝန်ရှိပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းသင့်သည်ဟု ထောက်ပြထားသည်။

No comments: