Monday, March 23, 2015

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျဖူးသူတစ်ဦး အသတ်ခံရ

ကျော်စိုးမိုး

မူးယစ်ဆေး ၀ါးဖြင့်ထောင်ဒဏ် ၁၁နှစ်ကျခဲ့ဖူး သူတစ်ဦး လည်ပင်းကို ဓားဖြင့် ထိုးကာ အသတ်ခံခဲ့ရ သည့်ဖြစ်စဉ် တစ်ခု မတ် ၁၈ ရက်၊ နံနက် ၃ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် တွင်ဖြစ်ပွား ခဲ့ပြီး၊ ကျူးလွန်သူကို နံနက် ၁၀နာရီ ဝန်းကျင်တွင် ဖမ်းမိ ခဲ့သည်ဟု မင်္ဂလာတောင် ညွန့်မြို့ နယ်ရဲ တပ်ဖွဲ့မှူး၊ ရဲမှူးသိန်းအောင် ကပြောသည်။

ဖြစ်စဉ်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တောင်လေးတောင်ရပ်ကွက်၊ မန္တလေးလမ်းတွင်နေထိုင်သည့် အသက် ၃၁နှစ်အရွယ် ကိုဟန်ထွန်းနိုင်သည် အဆိုပါ ရပ်ကွက်၊ ၉၃ လမ်းထိပ်၌ ဝဲဘက် လည်ပင်း တွင်ဓားထိုး သွင်းပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် လဲကျသေ ဆုံးနေခြင်းဖြစ်သည်။

၎င်းကိုသတ်သွားသူမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၆ လမ်းတွင်နေထိုင်သည့် အသက် ၃၀အရွယ် ကိုရာရှစ်(ခ) သန်းစိုးဖြစ် ပြီး၊၎င်းကို သန်လျင် မြို့နယ်၊ မြို့ဟောင်း အရှေ့ရပ်ကွက်တွင် ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်သည်။ သက်သေခံဓားကို ကန်တောင်လေးတောင် ရပ်ကွက် အတွင်း ရှိရေမြောင်းထဲ တွင် သိမ်းဆည်း ရမိခဲ့သည်ဟု ရဲမှူးသိန်းအောင် ကပြောသည်။

"သေဆုံးသူကသူ့ကိုအမြဲတမ်းအနိုင်ကျင့်တာကြောင့် သည်းမခံနိုင်တာကြောင့်ဓားနဲ့ထိုးလိုက်တာပါလို့ ကိုရာရှစ်ကပြောပါတယ်၊ ကိုရာရှစ်ကအရင် မူးယစ်ဆေး ၀ါးမှုနဲ့ထောင် ၁၁နှစ်ပြစ်ဒဏ် ချခံရဖူးပြီး၊ ၈နှစ်နဲ့ပြန် လွတ်လာ တာပါ၊ သူတို့နှစ်ယောက်စလုံးက အပေါင်းအသင်းတွေပါပဲ။ " ဟု၎င်း ကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ) ၁၆၀/၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိသည်။

No comments: