သီဟကိုကို
ရွှေမြယာ အဆင့်မြင့်အိမ်ရာ စီမံကိန်းမှ စည်ပင်ပိုင် တိုက်ခန်းများ ၀ယ်ယူရာ၌ ငွေအကြေပေးသွင်းခြင်း မရှိသည့် တိုက်ခန်းများကို ပြန်လည်ရောင်းချသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းရှိ ရွှေမြယာ(၂) အဆင့်မြင့်အိမ်ရာ စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ငပလီဆောက်လုပ်ရေး ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းတည်ဆောက်ခဲ့ပြီး စည်ပင်ပိုင်တိုက်ခန်း ၇၆ ခန်းကို ကာလပေါက်ဈေးနှုန်းဖြင့် ၀ယ်ယူလိုသူများကို မဲနှိုက်ရောင်းချပေးခဲ့ သည်။
သို့သော် အဆိုပါတိုက်ခန်းများကို ၀ယ်ယူခွင့်ရရှိသူများအနက် အချို့သည် သတ်မှတ်ရက်အတွင်း ငွေပေးသွင်းခြင်းမရှိဘဲ ငွေပေးသွင်းခြင်း မရှိသည့် တိုက်ခန်း ၆၇ ခန်းရှိကာ အဆိုပါအခန်းများကို စည်ပင်သာ ယာရေးကော်မတီမှ ပြန်လည်ရောင်းချသွားမည် ဖြစ်သည်။
ရွှေမြယာအဆင့်မြင့်အိမ်ရာ စီမံကိန်းရှိ Building A ၊ ရှစ်ထပ်အဆောက်အအုံမှ ၂,၂၀၃ စတုရန်းပေရှိ အခန်း ၁၉ ခန်းကို ရောင်းချသွားမည်ဖြစ်ပြီး တစ်ခန်းလျှင် ကျပ် ၂,၆၄၃ ဒသမ ၆ သိန်း ဖြင့် ရောင်းချမည်ဖြစ် သည်။ Building B ၊ ကိုးထပ် အဆောက်အအုံမှ ၂၆၈၃ ဒသမ ၅ စတုရန်းပေရှိ အခန်း ၄၈ ခန်းကိုလည်း ရောင်းချမည်ဖြစ်ပြီး တစ်ခန်းလျှင် ကျပ် ၃,၂၂၀ သိန်းဖြင့် ရောင်းချမည် ဖြစ်သည်။
၂၀၁၄ ဒီဇင်ဘာတွင် အဆိုပါအဆင့်မြင့်အိမ်ရာစီမံကိန်းရှိ အဆောက်အအုံများသည် ၈၀ ရာခိုင်နှုန်းခန့် ပြီစီးနေပြီး ဖြစ်သည့်အတွက် တိုက်ခန်းများကို လက်ရှိဈေးကွက်ပေါက်ဈေးနှုန်းအတိုင်း ကြိုတင်ရောင်းချခဲ့ ခြင်းဖြစ်သည်။
ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အခြေအနေသည် ၂၀၁၄ နှစ်ကုန်ပိုင်းမှ စတင်ကာ ဈေးကွက် အရောင်း အဝယ်တည်ငြိမ်လာခဲ့ပြီး ၂၀၁၅ ခုနှစ်ထဲတွင် ဈေးကွက် အခြေအနေမှာ အကျဘက်သို့ ဦးတည်လာခဲ့ခြင်း ကြောင့် ရန်ကုန်မြို့ရှိ အဆင့်မြင့် တိုက်ခန်း အဆောက်အအုံများသည် ဈေးနှုန်းများ လျှော့ချရောင်း ဝယ်လာနေသည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောသည်။
No comments:
Post a Comment