သည်စတား
ရွှေဝယ်ယူရန်အကောင်းဆုံးအချိန်မှာ ယခုအချိန်ကဲ့သို့ပင် ဗဟိုဘဏ်များကရွှေကို ဝယ်ယူနေကြသည့်အချိန်ပင်ဖြစ်ကြောင်းနိုင်ငံတကာ ဘဏ္ဍာရေး ကျွမ်းကျင် သူမာရီယိုဆင်းဂ်က ဆိုသည်။
ဗဟိုဘဏ်များ ၏ခြေလှမ်း များနောက်သို့ လိုက်ခြင်းသည် ပိုမိုစိတ် ချရသော လမ်းညွှန် ချက်တစ်ခု သဖွယ်ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။ လတ်တလော ကာလတွင်ရွှေကို အကြီး အကျယ် ဝယ်ယူနေ ကြသော ဗဟိုဘဏ်များမှာ ရုရှ၊ အရှေ့ အလယ်ပိုင်းနှင့် တူရကီတို့မှ ဗဟိုဘဏ် များဖြစ်ကြ သည်။ရွှေကို အများ ဆုံးဝယ်ယူ လျက်ရှိသော ဗဟိုဘဏ်မှာ ရုရှဗဟိုဘဏ်ဖြစ်ပြီး ပထဝီနိုင်ငံရေးနှင့်လည်း သက်ဆိုင်နေသည်။
“Gold Corp ကုမ္ပဏီက အမှုဆောင်အရာရှိချုပ် ချားလ်စ်ဂျီးန်စ်ပြော ခဲ့သလိုပဲ ၂၀၁၅ ခုနှစ် အကုန်မှာရွှေ ထုတ်လုပ်မှု အထွတ် အထိပ် ကာလကို ကျွန်တော်တို့ ကြုံတွေ့ရ မှာဖြစ်ပါတယ်”ဟု မာရီယိုဆင်းဂ်က ဆိုသည်။ ထိုကာလနောက်ပိုင်းတွင် ရွှေထုတ်လုပ်မှုပမာဏမှာ စတင်ကျဆင်းသွား လိမ့်မည်ဖြစ်သည်။
“ရွှေထုတ်လုပ်မှု ပမာဏလျော့ပါး သွားတာနဲ့ အမျှဈေးနှုန်းတွေ တက်လာတော့မှာပါ” ဟု ကမ္ဘာ့ စီးပွားရေးနှင့်ရွှေငွေ အလားအလာ (၂၀၁၅)ဆွေးနွေး ပွဲတွင် မာရီယိုက ဆိုသည်။
မလေးရှားနိုင်ငံတွင်Gold Maple Leaf တရားဝင် စတင်ဖြန့်ချိမည့် အထိမ်းအမှတ် အခမ်းအနားနှင့်ကမ္ဘာ့စီးပွားရေးနှင့်ရွှေငွေ အလားအလာ (၂၀၁၅)ဆွေးနွေး ပွဲကို မတ်လ ၁၉ ရက်က ပူးတွဲ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
ရွှေဈေးနှုန်း နိမ့်ကျနေပါက အနေအထား ဟန်ချက်မညီဖြစ်နိုင် ကာရွှေလုပ်ငန်း ကဏ္ဍအတွက် အမြတ် အစွန်း မရှိဘဲဖြစ် သွားနိုင်သည်။ လက်ရှိရွှေဈေးနှုန်းမှာ တစ်အောင် စလျှင် ဒေါ်လာ ၁,၁၆၂ ဝန်းကျင်ရှိသည်။
ရွှေဈေးနှုန်း တက်လာစေရန် အကြောင်းခံလာသောအချက် များထဲတွင်စီးပွားရေး အနေအထားမသေချာ မရေရာဖြစ်နေခြင်း ၊ရေနံဈေးနှုန်း အခြေ အနေများ၊ ပထဝီနိုင်ငံရေး၊ ဝယ်လိုအား၊ အတိုးနှုန်းနှင့် ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုတို့ ပါဝင်သည်။
မတ်လ ၁၉ ရက်က ပြုလုပ်ခဲ့သော အခမ်းအနားတွင် Tomei Consolidated ကုမ္ပဏီကGold Maple Leaf ကိုမလေးရှားတွင် ၎င်းတို့ကုမ္ပဏီက တရားဝင်ဖြန့်ချိ မည်ဖြစ်ကြောင်းကြေ ညာခဲ့သည်။
No comments:
Post a Comment