Sunday, March 29, 2015

လက်ပံတန်းကျောင်းသား သပိတ် ဖြိုခွင်းစဉ် မီဒီယာ သမားများကို ရိုက်နှက် ခဲ့ခြင်း ပြန်လည် စီစစ်မည်ဟု သမ္မတပြောရေး ဆိုခွင့် ရှိသူပြော

မောင်သင်တုန်း၊ အောင်ကိုဦး

ပညာရေး ဥပဒေပြင်ဆင်ပေးရန် ဆန္ဒပြသည့် လက်ပံတန်း ပင်မသပိတ် စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွင်းရာတွင် မီဒီယာ သမားများကို ရိုက်နှက်ခဲ့သည်များအာ ဗီဒီယိုဖိုင်များ ကြည့်၍ပြန်လည်စီစစ် မည်ဟု နိုင်ငံတော် သမ္မတ ၏ပြောရေးဆိုခွင့်ရှိသူ၊ပြန်ကြားရေးဝန်ကြီး ဌာနပြည်ထောင် စုဝန်ကြီး ဦးရဲထွဋ်က မတ်လ ၂၇ ရက်က ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်တွင် ကျင်းပသည့် IPI World Congress ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားလိုက်သည်။

“လက်ပံတန်းမှာ မီဒီယာ သမား များကို ရိုက်နှက် ခဲ့တဲ့ ရဲဝန်ထမ်း များကို ဗီဒီယို မှတ်တမ်းတွေ ကြည့်ပြီး လိုအပ် တဲ့ပြန်လည် စီစစ်မှုတွေ လုပ်မှာဖြစ် ပါတယ်” ဟုပြည်ထောင် စုဝန်ကြီး ဦးရဲထွဋ် ကပြောသည်။ ယင်းအပြင် ရဲတပ်ဖွဲ့ဝင် တစ်ဦးချင်း အနေဖြင့်လည်း အားနည်း ချက်များ ရှိနိုင်သည်ဟု ၄င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကလည်း” စော စောက ၀န်ကြီးဦးရဲထွဋ် ဆွေးနွေးသွားသလိုပါပဲ၊ လက်ပံတန်းကိစ္စဆိုရင် မီဒီယာတွေ လွတ်လပ်ခွင့်ပြုထားလို့သာ မှတ်တမ်းတွေ ရှိနေတာဖြစ်ပါတယ်။ဒါကြောင့် မီဒီယာ လွတ်လပ်ခွင့် ဆိုတာ လိုအပ်ပါတယ်” ဟု ၀န်ကြီး ၏ ပြောဆိုမှုအား ထောက်ခံဆွေးနွေးသည်။

လက်ပံတန်း ပင်မ ကျောင်းသားသပိတ်ကို မတ်လ ၁၀ရက်က အကြမ်းဖက် ဖမ်းဆီးခဲ့ရာ ကျောင်းသား များ၊ ဒေသခံများ နှင့် သတင်းထောက် နှစ်ဦးကို ပါဝင်ခဲ့သည်။ ၎င်းတို့ကို မတ်လ ၁၁ရက်တွင် ပထမအကြိမ် ရုံးထုတ်ကာ ၁၂ရက်နေ့ နှင့် ၁၃ရက်နေ့တို့တွင် သတင်းထောက် နှစ်ဦး အပါအဝင် အယောက် ၃၀ ကို ပြန်လွှတ်ပေးခဲ့သည်။

ယင်းအပြင် ကျောင်းသားများကို ဝန်းရံပေးသည့် ဒေသခံ အယောက် ၂၀ကို မတ်လ ၂၄ရက်တွင် သာယာဝတီထောင်မှ ပြန်လည် လွှတ်ပေးလိုက်သည်။ မတ်လ ၂၅ ရက်တွင်မူ ကျောင်းသား ၁၁ ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ကျောင်းသားနှင့် ၀န်းရံသူ ပြည်သူ ၆၉ ဦးကို ပုဒ်မ ငါးခုဖြင့် တရားစွဲဆိုခဲ့သည်။

chatrium hotel တွင် ပြုလုပ်သည့် IPI world congress ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် မိန့်ခွန်ပြောကြားနေစဉ်တွင် သတင်းထောက်တစ်ဦးက ဆိုင်းဘုတ် ကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်။

ယင်းအပြင် “မီဒီယာ ဖိနှိပ်မှုရပ်” ဆိုသည့် ဗီးနှိုင်းများကိုင်ဆောင်ပြီး သတင်းထောက် ဆယ်ဦး ၀န်ကျင်းကလည်း ဟိုတယ်၏ ရှေ့မျက်နှာတွင် ဆန္ဒပြခဲ့သော်လည်း ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က မိမိအနေဖြင့် အရေးယူဆောင်ရွက်မည် မဟုက်ဟု ဆိုသည်။

No comments: