ရေခဲ (ပြည်)
တယ်လီနောက ဒေသအတွင်း သတင်းအချက်အလက်များ မျှဝေပေးနိုင်မည့် Light House များကို ပဲခူးတိုင်း ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် မတ်လ ၁၇ ရက်က တစ်ပြိုင်နက ဖွင့်လှစ်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် တယ်လီနော Light House အခု ၂၀၀ ကို ငါးနှစ်အတွင်း ဖွင့်လှစ်သွားမည်ဟု MYANMAR ICT For Development Organization မှ ကိုဝေမျိုးထက်က ပြောသည်။
“ငါးနှစ်အတွင်း တစ်နိုင်ငံလုံးမှာ Light House အခု ၂၀၀ ဖွင့်သွားမယ်။ ဒီနေ့ ပဲခူးနဲ့ ပြည်မှာဖွင့်တာ ကိုးခုနဲ့ ဆယ်ခုမြောက်ပါ” ဟု ၎င်းက ပြောသည်။
ယင်း Light House စင်တာများတွင် စီးပွားရေး ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရှာဖွေရေး စသည့် ဒေသအတွင်းလိုအပ်သည့် သတင်းအချက်အလက်များကို ထုတ်ပြန်ပေးမည်ဖြစ်ပြီး ICT နည်းပညာ အသုံးပြုပုံများကိုလည်း လမ်းညွှန်ပေးမည်ဟု ဆိုသည်။
၂၀၁၄ နှစ်ကုန်ပိုင်းတွင် နေပြည်တော်၌ တယ်လီနော Light House တစ်ခုကို စတင်ဖွင့်လှစ်ခဲ့နိုင်ခဲ့ပြီး မတ်လ ၁၇ ရက်က ပဲခူးနှင့် ပြည်မြို့တွင် ထပ်မံဖွင့်လှစ်ခဲ့သည့်အတွက် တစ်နိုင်ငံလုံးတွင် တယ်လီနော Light House ၁၀ ခု ရှိပြီဖြစ်သည်။
ပဲခူးတိုင်းအတွင်းတယ်လီနော Light House နှစ်ခုဖွင့်လှစ် မြန်မာတစ်နိုင်ငံလုံးတွင် တယ်လီနော Light House အခု ၂၀၀ ဖွင့်လှစ်မည်။
No comments:
Post a Comment