Wednesday, April 1, 2015

ကျေးလက် လူမူစီးပွား ဖွံ့ဖြိုးရေး သုံးနှစ်တာ စီမံကိန်းသုံးခုအတွက် ကန်ဒေါ်လာ ၂၄ သန်းကျော်ဖြင့် ဆောင်ရွက်မည်

သီဟကိုကို

ကျေးလက်ဒေသ စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် CESVI Foundation၊ Action Aid Myanmar နှင့် SPRRG တို့၏ ထောက်ပံ့ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅၇ သန်းဖြင့် သုံးနှစ်တာ ဆောင်ရွက်သွားရန် ရှိသည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ချက်စဗီအဖွဲ့၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၅ သန်းဖြင့် ကျေးလက်ဒေသ လူမူစီးပွား ဖွံ့ဖြိုးရေး လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ် ၁၉ ခုတွင် ၂၀၁၅ မှ ၂၀၁၇ အထိ သုံးနှစ်ကြာ ဆောင်ရွက်သွားမည် ဖြစ်သည်။

Action Aid မှ ကျေးလက် ဒေသခံပြည်သူများ ဝင်ငွေတိုးမြင့်လာရေးနှင့် ပြည်သူအခြေပြု ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဆင်းရဲမွေတေမှု လျှော့ချရေးလုပ်ငန်း စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း ထောက်ပံ့သွားမည်ဖြစ်ပြီး မြို့နယ် ၄၃ ခုတွင် သုံးနှစ်တာ အကောင်အထေည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။

Social Poilcy & Poverty Research Group မှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံသည့် သုတေသနလုပ်ငန်းများဆောင်ရွက်မည့် စီမံကိန်းကို နေပြည်တော် ကောင်စီနယ်မြေ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကန်ဒေါ်လာ ၀ ဒသမ ၁၂ သန်းဖြင့် သုံးနှစ်ကြာ ဆောင်ရွက်သွားမည် ဖြစ်သည်။

ကျေးလက်ဒေသ လူမှုစီးပွားရေး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ချက်စဗီ အင်တာနေရှင်နယ်၊ Acation Aid Myanmar၊ SPPR တို့နှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဝန်ကြီးဌာနတို့သည် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးထားပြီ ဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) မှ လွတ်မြောက်ရေးအတွက် ဆင်းရဲမွေတေမှု လျှော့ချရေးလုပ်ငန်း စီမံကိန်းများကိုကျေးလက်ဒေသများတွင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အခြားအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိ ၂၀၂၀ တွင်မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်ရန် ရည်မှန်းထားသည်။

No comments: