Wednesday, April 29, 2015

ဖေ့ဘွတ်၏ မက်ဆေ့ပေး ပို့နိုင်သည့် App မှတဆင့် ဗီဒီယို မက်ဆေ့ပေးပို့နိုင်ပြီ

CNET

ကမ္ဘာကျော် လူမှုကွန် ရက်ဖေ့ဘွတ်၏ မက်ဆေ့ပေး ပို့သည့် မိုဘိုင်း Appဖြစ်သည့် Facebook Messenger မှတဆင့် ဗီဒီယို မက်ဆေ့ပေး ပို့နိုင်ရန် အတွက်ဆောင်ရွက် ထားသည်ဟု CNET သတင်းဌာန ကဖော်ပြထားသည်။

ဗီဒီယိုခေါ်ဆိုမှုသည် လက်ရှိကာလတွင် အသုံးများလာပြီး မရှိမဖြစ်နေရာသို့ရောက်ရှိလာပြီ ဖြစ်သဖြင့်ဖေ့ဘွတ် အနေဖြင့်လည်း ၎င်းတို့၏ မက်ဆေ့ပေး ပို့သည့် App တွင် ဗီဒီယိုမက်ဆေ့ပေးပို့မှုကို ထည့်သွင်းလာခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ဖေ့ဘွတ် မက်ဆေ့ App မှတဆင့် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ရန်အတွက် ရိုးရှင်းလွယ်ကူအောင် ဖန်တီးထားသည် ဟုဖေ့ဘွတ်က ဆိုသည်။

ဖေ့ဘွတ် မက်ဆေ့ App ၏ အပေါ်ဘက်တွင်ရှိသည့် ကင်မရာပုံကို နှိပ်ပြီး ဗီဒီယို မက်ဆေ့ပေးပို့နိုင်မည်ဟု CNET သတင်း ကဖော်ပြ ထားသည်။

ယင်းဝန်ဆောင်မှုကို Apple ၏ iOS နှင့် Android OS များပေါ်တွင် အသုံးပြုနိုင် မည်ဖြစ်သည်။

ဖေ့ဘွတ်၏ ဗီဒီယို မက်ဆေ့ဝန်ဆောင်မှုသည် အခမဲ့ပေးထားသည့် ဝန်ဆောင်မှုဖြစ်သဖြင့် အခြားပြိုင်ဘက် ကုမ္ပဏီများကိုယှဉ်ပြိုင်ရာ တွင်ရှေ့တန်းရောက်စေ လိမ့်မည်ဟု သတင်းများက ခန့်မှန်းကြသည်။

ဖေ့ဘွတ်မက်ဆေ့App၏ အဖွဲ့ခေါင်းဆောင် Stan Chudnovsky က"အရာရာဟာစာသားတွေပေးပို့တဲ့ အဆင့်ကစခဲ့ရတာပါ။ အခုတော့ ဗီဒီယို မက်ဆေ့ပေးပို့ တဲ့အဆင့် ကိုရောက်ပါပြီ" ဟု ဆိုခဲ့သည်။

ဖေ့ဘွတ်အနေဖြင့် စာသားမက်ဆေ့ပေးပို့မှုအတွက် များစွာရင်းနှီးမြှုပ်နှံခဲ့ပြီးနောက် ယခုကဲ့သို့ ဗီဒီယိုမက်ဆေ့ပေးပို့မှုကို ဝန်ဆောင်မှုကို အခမဲ့ပေးလာ ခဲ့ခြင်းဖြစ် သည်။

ဖေ့ဘွတ်အနေဖြင့် စာသားမက်ဆေ့ပေးပို့သည့် App ဖြစ်သည့် WhatApps ကိုအမေရိကန်ဒေါ်လာ ၁၉ဘီလီယံ အသုံးပြု၍ ဝယ်ယူ ခဲ့သည်။ဖေ့ဘွတ် အနေဖြင့် အသံမက်ဆေ့ပေးပို့ခြင်းကို လွန်ခဲ့သည့် နှစ်နှစ်က စတင် ဝန်ဆောင်မှုပေးခဲ့ပြီး သီတင်းပတ် အတွင်းဖေ့ဘွတ် အသံမက်ဆေ့ပေးပို့မှု၏ ၁၀ရာခိုင်နှုန်း သည့်ဖေ့ ဘွတ် မက်ဆေ့ App မှတဆင့်ပေး ပို့ခဲ့ခြင်းဖြစ် သည်ဟု Stan Chudnovsky က ဆိုသည်။

ဖေ့ဘွတ်မက်ဆေ့ App မှတဆင့် ငွေလွှဲပေးပို့နိုင်မည့် ဝန်ဆောင်မှုကိုလည်း ၂၀၁၅ ခုနှစ်အစောပိုင်းက မိတ်ဆက်ခဲ့သေးသည်။

No comments: