Wednesday, April 29, 2015

မြိုင်ကလေး ဘိလပ်မြေ စက်ရုံသို့ ပို့လွှတ်သည့် ဓာတ်ငွေ့ ပိုက်လိုင်းပေါက်ပြီး စက်ရုံသို့ ဓာတ်ငွေ့ ပို့လွှတ်မှု ရပ်ထားရ

နန်းမြင့်

ကရင်ပြည်နယ်၊ မြိုင်ကလေးကျေးရွာ၊ ဖိုးရှိုး ရပ်ကွက်တွင် ဓာတ်ငွေ့ ပိုက်လိုင်းပေါက် ကွဲမှု ဧပြီလ ၂၇ ရက် ညနေ ကဖြစ်ပွား ခဲ့သဖြင့် မြိုင်ကလေး ဘီလပ်မြေ စက်ရုံသို့ ဓာတ်ငွေ့ ပို့လွှတ်ခြင်း ပိတ်ထား သည်ဟု မြိုင်ကလေး ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် စိုးခိုင်က မဇ္ဈိမ ကိုပြောသည်။

ထိုနေ့ညနေ၄နာရီ ၅၀ခန့်တွင် မြိုင်ကလေးကျေးရွာ၊ ဖိုးရှိုးရပ်ကွက်အစွန်ရှိ သဘာဝဓာတ်ငွေ့ထိန်းသိမ်းရေးနှင့်ဖြန့်ချိရေး စခန်းတွင် ဓာတ်ငွေ့ပိုက် လိုင်းပေါက် ကွဲမှုဖြစ်ပွား ခဲ့သဖြင့် မြိုင်ကလေးရှိ တန် ၉၀၀နှင့် တန် ၄၀၀၀ ဘီလပ်မြေ စက်ရုံသို့ ဓာတ်ငွေ့ ပို့လွှတ်ခြင်းရပ် ထားရသည်။ ယင်းဓာတ်ငွေ့ ပိုက်လိုင်းသည် ပဲခူး တိုင်း ကန်မမှမော်လမြိုင်၊ သထုံနှင့် မြိုင်ကလေးသို့ သွယ်တန်း ထားခြင်းဖြစ်သည်။

ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ဧပြီ ၂၇ရက် ညနေ ၅နာရီ ၁၅မိနစ် တွင်မော်လမြိုင် ဓာတ်အား ထိန်းသိမ်းရေးနှင့်ဖြန့်ချိရေး စခန်းမှ လှမ်းပိတ်လိုက် သည့်အတွက် ဓာတ်ငွေ့နှင့် မီးခိုးထွက်မှု ရပ်သွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒုရဲအုပ်စိုးခိုင်က'' ဓာတ်ငွေ့လွှတ်တဲ့နေရာမှာ ပိတ်ပြီး ဓာတ်ငွေ့ဖိအားများပြီး ပေါက်ကွဲတယ်လို့ သူတို့က ထင်မြင်ချက်ပေးတယ်။ အကြောင်းအရင်းကို တိတိ ကျကျ မသိသေးဘူး ''ဟု မဇ္ဈိမ ကိုပြောသည်။

ယင်းပိုက်လိုင်းသည် လက်မ ၂၀ရှိ ဓာတ်ငွေ့ ပိုက်လိုင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပိုက်အပိုင်းအစ လေးငါးခုခန့် ပိုင်းသွားခဲ့သည်။

''ဒီလို ဖြစ်စဉ်မျိုးတစ်ခါမှ မဖြစ်ဖူးတော့ သတိထားသင့်တယ်လို့ ထင်တယ်။ အနားဝန်းကျင်မှာ မီးကြွင်းမီးကျန်သာရှိရင် ဓာတ်ငွေ နဲ့ပေါင်းစပ်ပြီး ရှူတော့ ရှူမိ တယ်။ လက်တလော ဘာမှမဖြစ်ဘူး။ အငွေ့ ရှူရှိုက်တာနဲ့ ပတ်သက်ပြီး ဘာသံမှတော့ မကြားဘူး''ဟု ၎င်းက ပြောသည်။ ပေါက်ကွဲမှုသည် မြို့စွန် ၌ဖြစ်၍ ဒဏ် ရာရရှိသူလည်း မရှိဟု ဆိုသည်။

No comments: