Thursday, April 30, 2015

အဆိုတော် လင်းနစ်နေအိမ်ဖောက်ထွင်းခံရမှု ကျူးလွန် သူဖမ်းမမိသေး

ကျော်စိုးမိုး

အဆိုတော် လင်းနစ် ၏နေအိမ် မှငွေကြေး များဖောက်ထွင်း ခိုးယူခံရမှုနှင့် ပတ်သက်၍ အမှုဖွင့် စစ်ဆေးနေပြီး ကျူးလွန်သူကို ဖမ်းဆီး ရမိခြင်းမရှိသေးဟု သင်္ဃန်းကျွန်းမြို့မရဲစခန်း မှ ရဲအရာရှိ တစ်ဦးက ဧပြီ ၂၇ ရက်၊ ညပိုင်းတွင် မဇ္ဈိမ ကိုပြောသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက်၊ ညပိုင်းက သင်္ဃန်း ကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ရိပ်သာ လမ်းရှိ တိုက်ခန်းတစ်ခု၏ ပထမတိုက် တွင်နေထိုင်သည့် အဆိုတော် လင်း နစ်အိမ်မှ ကျပ် ၄၈ သိန်းခန့်ဖောက် ထွင်းခိုးယူခံ ရခြင်းဖြစ်သည်။

ထိုကဲ့သို့ ခိုးယူခံရသည်ကို ဧပြီ ၂၅ ရက်၊ နံနက် အိပ်ရာနိုးသည့် အချိန်မှသာ သိခဲ့ရပြီး ပစ္စည်းများ ခိုးယူခြင်း မခံခဲ့ရသော်လည်း အိမ်တွင်းရှိ ပိုက်ဆံများအားလုံး ခိုးယူခံခဲ့ရခြင်းဖြစ်သည်ဟု တေးသံရှင်လင်းနစ်ကပြောသည်။

သင်္ဃန်းကျွန်း မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးသိန်းဟန်က "ကျူးလွန်သူကို ဖမ်းဆီးရမိဖို့အတွက် စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ " ဟုပြောသည်။

အဆိုပါဖြစ်စဉ်ကို သင်္ဃန်းကျွန်းမြို့မရဲစခန်းက (ပ) ၂၁၂/၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်သည်။

No comments: