Wednesday, April 29, 2015

တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေရေး၊ ကျေးရွာ အုပ်စုအဆင့် ရွေးကောက်ပွဲ ကော်မရှင်များ အဓိကကျ ဟုဆို

သျှမ်းသံတော်ဆင့်

ပည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ပအမဖ ပါတီမှ ရွေးကောက်ပွဲ ကော်မတီ ဖွဲ့စည်းရန် အတွက် ညှိနှိုင်း ဆွေးနွေးပွဲအား တောင်ကြီးမြို့ ပအမဖ ရုံးချုပ်တွင် ၂ ရက်တိုင်တိုင် ကျင်းပ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်ကညှိနှိုင်းဆွေးနွေးပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်ပအမဖ ပါတီအနေနှင့်အမျိုးသားလွှတ်တော်တွင် ၃ နေရာ၊ ပြည်သူ့ လွှတ်တော်တွင် ၈ နေရာ ပြည်နယ်လွှတ်တော်တွင် ၁၂ နေရာ စုစုပေါင်း ၂၃ နေရာ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန်လျာထားလျှက်ရှိပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တောင်ကြီးမြို့နယ်တွင်လည်းအမျိုး သား လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် စသည့် မဲဆန္ဒနယ် ၃ နေရာတွင်လည်း ဝင် ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ဗဟိုအလုပ်အမှုဆောင် အထွေထွေအတွင်းရေးမှူး ခွန်မျိုးမြင့် ကပြောသည်။

ပအမဖ ပါတီအနေနှင့် ဝင်ရောက်ယှဉ်ပြိုင် မည်မဲဆန္ဒနယ်များအား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီနှင့် ညှိနှိုင်းဆောင်ရွက်ရန် ရှိ ၊ မရှိနှင့် လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမြင်သဘောထားမေးမြန်းခဲ့ရာ -

“ မတ်ခ်ျလ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသားညီလာခံမှာ ကျနော်တို့ (ပအမဖ) အနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ၂၀၁၅ မှာဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် တွေလုပ်ဆောင်ချက်တွေ သဘော ထားတွေ (PNO) ပါတီကိုချပြပြီးပြီ။ (PNO) ပါတီဘက်ကတော့ သူတို့သဘောထားတွေကို ပြောမပြ ခဲ့ဘူး။ ကျနော့အထင် ( PNO) နဲ့ ရှေ့လျှောက်ညှိနှိုင်းနိုင်ဖို့ သိပ်မမြင်ဘူး။ ဒါကြောင့် သီးခြားလွတ် လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ဘဲရှိတယ်” ဟု ဖြေဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်နိုင်သေးသရွေ့ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ် ရေး မဖြစ်ရေး စောင့်ကြည့်ရန် လိုအပ်ကြောင်းနှင့်တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရန် ကျေးရွာအုပ်စုအဆင့်ရှိ ရွေးကောက်ပွဲကော်မရှင် များ၌ အဓိက ကျသည်ဟု ရွေးကောက်ပွဲနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုသည် ။

ပအမဖ ပါတီအနေနှင့် မြို့နယ်အလိုက် အမတ်လောင်းများရွေးချယ်ထားသော်လည်းမြို့နယ် ကျေးရွာသို့ကွင်းဆင်း၍ ပြည်သူလူထုအများစုမှထောက်ခံသော အမတ်လောင်းများကိုသာ ဦးစားပေးရွေးချယ်သွားမည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ပည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ၁၉၅၀ ခုနှစ် ဩဂတ်စ်လ ၂ ရက်နေ့တွင် စတင်တည်ထောင်ပြီး ၁၉၅၂ ၊ ၁၉၅၆၊ ၁၉၆၀ တို့တွင် ရွေးကောက်ပွဲအသီးသီး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ဖူးသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အကြောင်းအမျိုးမျိုးကြောင့် ပါတီမှတ်ပုံတင်နိုင်ခြင်းမရှိ သည့်အတွက် ၂၀၁၃ ခုနှစ်တွင် ပါတီမှတ်ပုံတင်အသစ်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု သိရသည်။

No comments: