Wednesday, April 29, 2015

အမျိုးသမီး တစ်ဦးနေအိမ်မှ သိန်း ၈၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ကျော်စိုးမိုး

အမျိုးသမီး တစ်ဦး၏ အိမ်မှ ကျပ်သိန်း ၈၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာ မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မူဆယ် မူးယစ်တပ်ဖွဲ့ဝင်များနှင့် နမ့်ခမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ (၁၄) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ အရွယ် မနေခြည်ထွေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ရှာဖွေရာတွင် နေအိမ်အတွင်းမှ ဘိန်းဖြူများ ထည့်ထားသည့် ဆပ်ပြာခွက် ငါးခွက်၊ စုစုပေါင်း အလေးချိန် ၅၅ ဂရမ်၊ ကပ်ခွာအိတ်များဖြင့် ထုပ်ထားသည့် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား စုစုပေါင်း ၃,၅၁၀ ပြား ဖမ်းဆီးရမိရာ တန်ဖိုးငွေကျပ် စုစုပေါင်း ၈၁ ဒသမ ၂ သိန်းခန့် ရှိသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ မနေခြည်ထွေးကို နမ့်ခမ်းမြို့မရဲစခန်းက မူးယစ်(ပ) ၃၃/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည် ဟုလည်း သတင်းထုတ်ပြန်ထားသည်။

No comments: