ထင်လင်းအောင်
ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ်သစ် အစပိုင်း ၌ပြည်တွင်းပြည်ပ စက်မှုလုပ်ငန်း ၁၃ ခုကို ရင်းနှီးမြှုပ်နှံနိုင်ရန် ထပ်မံခွင့်ပြု လိုက်သည်ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA က ဧပြီ ၇ ရက်တွင် ထုတ်ပြန်လိုက် သည်။
ထိုကဲ့သို့ ခွင့်ပြုခဲ့ခြင်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC နှင့် ၆/၂၀၁၅ ကြိမ်မြောက် ကော်မရှင် အစည်းအဝေးဆုံးဖြတ်ချက်အရ ဧပြီလ ၃ ရက်တွင် အသီး သီးခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ခွင့်ပြု လုပ်ငန်း များအနက် စက်မှု ကုန်ထုတ် လုပ်ငန်း များကို အများဆုံး ခွင့်ပြု ခဲ့ခြင်းဖြစ် ကာနိုင်ငံခြားရင်း နှီးမြုပ်နှံမှု ကိုးခုနှင့် တိုင်းရင်းသား လုပ်ငန်းရှင် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းလေးခုတို့ကို လုပ်ကိုင်ခွင့်ပေး ခဲ့ခြင်းဖြစ် သည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများအနက် တိုင်းရင်းသား လုပ်ငန်းရှင် များနှင့် ဖက်စပ်လုပ်ကိုင် သည့် လုပ်ငန်း သုံး ခုကို ထည့်သွင်း ခွင့်ပြုခြင်းဖြစ်သည် ဟုဖော်ပြ ထားသည်။
၂၀၁၄ ခုနှစ် အတွင်းမှ စတင်ကာ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်း အများစုသည် အထည်ချုပ် လုပ်ငန်း များနှင့်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော် လုပ်ငန်း များတွင် ဝင်ရောက်မှု အများဆုံးဖြစ် ခဲ့သည်။ ယခု ခွင့်ပြု လုပ်ငန်း များတွင်လည်း လက်ခစား (CMP) စနစ်ဖြင့် လုပ်ကိုင်မည့် လုပ်ငန်း ငါးခု၌ ရာနှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု ဖြင့် ဝင်ရောက် ထားခြင်းဖြစ်သည်။
၎င်း လက်ခစား (CMP) လုပ်ငန်း များတွင် လက်ဝတ် ရတနာ လုပ်ငန်း၊ ဇာထိုးပန်းထိုး လုပ်ငန်း၊ အတွင်းခံ အဝတ်အထည် လုပ်ငန်း၊ ဆွယ်တာ အင်္ကျီ လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း အသီးသီးကို ခွင့်ပြုထား သည်ဟု လည်းထုတ်ပြန် ထားသည်။
ဖက်စပ် JV လုပ်ငန်းသုံးခုတွင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် လမ်းနယ်နိမိတ် ကန့်သတ်နေရာများ တွင် အသုံးပြုသော အသင့်သုံး ကွန်ကရစ်တိုင်များ၊ ကွန် ကရစ်တုံးများ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ တွင် ခွင့်ပြုထား သည်ဟုလည်း ဆက်လက်ဖော်ပြ ထားသည်။
ထို့အတူ လျှပ်စစ် ပန်ကာ ထုတ်လုပ်ခြင်းနှင့် ဆက်စပ် ပစ္စည်းများ ထုတ်လုပ်ရောင်း ချနိုင်ရေး အတွက် ရာနှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များတွင် ထည့်သွင်း ခွင့်ပြု ထားကာ ၎င်းလုပ်ငန်းကို GEO Electric (Myanmar) ကုမ္ပဏီက လုပ်ကိုင်ခြင်းဖြစ်သည် ဟုဖော်ပြ ထားသည်။
ကုန်ဆုံးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် မူလလျာ ထားချက်၏ နှစ်ဆအထိ ပိုမိုဝင်ရောက် ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment