Sunday, April 12, 2015

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ မှော်ဘီနှင့်ပဲခူးတွင် ယနေ့စတင်ဖျော်ဖြေမည်

DVB

တကသ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ပါဝင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ ဒီနှစ်သင်္ကြန်မှာ ၃ နှစ်မြောက် ဖျော်ဖြေရေးထွက်ဖို့ လေ့ကျင့်ပြင်ဆင်နေကြပြီး ဒီနေ့ မှော်ဘီနဲ့ ပဲခူးမှာ စတင်ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။

တကသ ကျောင်းသားတွေရဲ့ သံချပ် လေ့ကျင့်မှုကို ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေကလည်း လာရောက်ကူညီ ပံ့ပိုးပေးထားကြပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အနေနဲ့ ခေတ်၊ စနစ်ရဲ့ အမြီးအမောက် မတည့်တဲ့ အဖြစ်အပျက်တွေကို ဆင်ဆာမတင်ပဲ အပြုသဘော သံချပ်ထိုး တင်ပြသွားမှာဖြစ်ပြီး ဒီနှစ်မှာ ထူးခြားတာက အမျိုးသားပညာရေးဥပဒေ အကြောင်း စပ်ဆိုထားတဲ့ သံချပ်တွေအပြင် မတ်လ ၅ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲနဲ့ မတ်လ ၁၀ ရက်နေ့ လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုတွေကို သရုပ်ဖော်ပြဇာတ်တွေ ထည့်သွင်း တင်ဆက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

တကသ ကျောင်းသားတွေရဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ ဒီနေ့ ဧပြီ ၁၂ ရက်နေ့မှာ မှော်ဘီနဲ့ ပဲခူးတွေ ဖျော်ဖြေမှု စတင်မှာဖြစ်ပြီးနောက် သင်္ကြန်တွင်းတလျှောက် ရေကစားမဏ္ဍပ်တွေနဲ့ အလှပြကားတွေမှာ ရန်ကုန်မြို့အနှံ့ လိုက်လံ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

No comments: