နန်းမြင့်
ပုဇွန်တောင်မြို့နယ်၊ ၂ရပ်ကွက်၊ ၅၄လမ်း လမ်းတို တိုက်၆၊ ရှစ်လွှာ အခန်း ၃၀၆ တွင် ဧပြီလ ၉ရက် နေ့လည်ပိုင်းက မီးလောင်မှုဖြစ် ပွားခဲ့ရာ သန္ဓေမီး သတ် တပ်သား တစ်ဦး ဒဏ်ရာရရှိ ခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူး ဦးသော်ဒါ ကပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ အခန်း ၃၀၆၏ အိမ်ရှေ့ မီးပလပ်ခုံမှ မီးပွားထွက်ပြီး ဘီဒိုပေါ်သို့ ကျရာမှ စတင်မီးလောင် မှုဖြစ်ပွား ခဲ့သည်။
ယင်းမီးလောင်မှုကြောင့် အခန်း၃၀၆ မီးလောင်သွားသဖြင့် ဆုံးရှုံးမှုတန်ဖိုးကျပ်၉၂၅၀၀၀ နှင့်ဘေးခန်းဖြစ်သည့် အခန်း ၃၀၅မျက်နှာကြက်မီးလောင် ခံရသဖြင့် ဆုံးရှုံးမှုတန်ဖိုးကျပ် တစ်သိန်းခန့်တို့ ရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာန စာရင်းများ အရ သိရသည်။
ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူး ဦးသော်ဒါ'' ရာသီဥတု ပူပြင်း တဲ့အချိန် အပူရှိန်ရှိ တဲ့အချိန် မီးချက်ချင်း ထလောင်တယ်။ လမ်းက မီး ကြိုတွေ နိမ့်နေတဲ့အတွက် လှေကားတင် မီးသတ်ယာဉ်ဝင်လို့ မရတာ အခက်အခဲရှိတယ်။ အိမ်က သံဇကာတွေ ပိတ်ထားတဲ့ အတွက် ၀င်ရတာ ခက်တယ်။ ဒါကြောင့် အိမ်တိုင်းမှာ မီးသတ်ဆေး ဘူးဆောင်ထား သင့်တယ်'' ဟုပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် သန္ဓေ မီးသတ်တပ်သား ဝေမင်းသူ၏ ခြေထောက်ပေါ်သို့ မှန်ကွဲပြုတ်ကျရာ မှ ဒဏ်ရာရရှိခဲ့ပြီး ဂန္ဓီဆေးရုံသို့ တင်ပို့ထားသည်။
၎င်းမီးလောင်မှုဖြစ်ပွားသည့်တိုက်နှင့် မျက်နှာချင်းဆိုင်တွင် နေထိုင်သူ ရှစ်လွှာမှ ဦးဌေးအောင် ကျော်က '' ညော်နံရလို့ အပြင်ထွက်ကြည့်တော့ ရှေ့တိုက်က မီးခိုးထွက်ပြီး မီးလောင်နေတယ်'' ဟုပြောသည်။
ယင်းမီးလောင်မှုသည် နေ့လည် ၃နာရီ ခွဲတွင် စတင်ဖြစ်ပွားခဲ့ပြီး မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် ၂၅စီး၊ အထောက်အကူပြုယာဉ် ၅စီး၊ ကွက်ကဲမှုယာဉ် ၅စီး ၊ မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ဦးခန့်တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄နာရီ ၅မိနစ်တွင် မီးငြိမ်း သွားသည်။
ယင်းမီးလောင်မှုကြောင့် အခန်းပိုင်ရှင်၏ သားဖြစ်သူ ဟိန်းထက်စံအား ပုဇွန်တောင်ရဲစခန်းမှ ပ-၇၈/၂၀၁၅ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ထားသည်။
No comments:
Post a Comment