ABC
ရုရှားပိုင် သင်္ဘော နစ်မြုပ်ရာက သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၁၆ ယောက်ရဲ့ အလောင်း ဒီကနေ့ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယား လေယာဉ်ကို စင်းလုံးငှားပြီး သယ်ဆောင်လာတာ ဖြစ်ပါတယ်။
ရုရှားပိုင် Dalny Vostok ဆိုတဲ့ သင်္ဘော နစ်မြုပ်ခဲ့ရာက မြန်မာ အယောက် ၂၀ သေဆုံးပြီး ၁၆ ယောက်ရဲ့ အလောင်းကိုသာ ရရှိထားတာပါ။
ဧပြီလ ၂ ရက်မှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘောပေါ်မှာ လူပေါင်း ၁၃၂ ယောက် လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။
၆၃ ယောက်ကို ကယ်ဆယ်နိုင်ပြီး လူပေါင်း ၅၇ ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ အခုအချိန်အထိ မြန်မာ နိုင်ငံသား ၄ ဦးအပြင် လူပေါင်း ၁၀ ယောက်ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
သင်္ဘောပေါ်လိုက်ပါသွားတဲ့ မြန်မာသင်္ဘောသား ၂၂ ယောက် အသက်ရှင်ကျန်ရစ်ခဲ့ပြီး ပြီးခဲ့တဲ့ တပါတ်တုန်းကပဲ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။
အခုလောလောဆယ် ရောက်ရှိလာတဲ့ အလောင်းကို သဂြိုလ်ဖို့ ကိစ္စ၊ လျော်ကြေးပေးဖို့ ကိစ္စတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။
Vanuatu နိုင်ငံသား သင်္ဘောသား ၃ ယောက်ရဲ့ အလောင်းကိုလည်း မြန်မာနိုင်ငံသား အလောင်းတွေနဲ့ အတူ လေယာဉ် တစ်စင်းထဲ ပို့ဆောင်ဖို့ စဉ်းစားခဲ့ကြပေမယ့် လမ်းကြောင်းက ရှုတ်ထွေးတဲ့အတွက် အစီအစဉ်ကို ဖျက်လိုက်ရပါတယ်။
Vanuatu နိုင်ငံသား အလောင်းတွေကို ရုရှားကနေ သြစတြေးလျကို ပို့ဆောင်ပြီးမှ ပစိဖိတ်က Vanuatu နိုင်ငံကို ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကွယ်လွန်သူ Latvia နိုင်ငံသား တစ်ဦးရဲ့ အလောင်းကိုတော့ ပြန်လည်ပို့ဆောင်ခဲ့ပြီ ဖြစ်ပါတယ်။
အသက်ရှင် ကျန်ရစ်သူ Vanuatu နိုင်ငံသား နှစ်ယောက်နဲ့ Latvia နိုင်ငံသား နှစ်ယောက်ကိုလည်း ဆိုင်ရာ နိုင်ငံကို ပြန်ပို့နိုင်ပြီ ဖြစ်ကြောင်း Interfax သတင်းမှာ ပါရှိပါတယ်။
No comments:
Post a Comment