ဝေဝေအောင်၊ သီတာအောင်
ကယား(ကရင်နီ) ပြည်နယ်တွင် ဒဂုံဘီယာသောက်ခြင်းသည် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သုံးပုံတစ်ပုံခန့် သောက်သုံးအားပေးနေကြောင်း လွိုင်ကော်ရုံးခွဲ ဒဂုံအဖျော်ယမကာ ကုမ္မဏီလိမိတက် ရုံးတာဝန်ခံ ဦးကုဋေလင်းက ကန္တရဝတီတိုင်းသို့ပြောသည်။
ဒဂုံဘီယာကို ကယားပြည်နယ်သို့ တင်သွင်းလာသည်မှာ ဆယ်စုနှစ်ကျော်ရှိပြီး ယနောက်ပိုင်း ၃ နှစ်အတွင်းတွင် ရောင်းအား အကောင်းဆုံးဖြစ်လာခဲ့ပြီး ဒဂုံဘီယာ အမျိုးအစား သုံးမျိုးရှိသည့်အနက် အနီရောင်သံဗူးသည် ကယားပြည်နယ်သို့ အများဆုံး တင်သွင်းနေရသည်ဟု သိရသည်။
“ခုနောက်ပိုင်း ဈေးကွက်အခြေနေကို လေ့လာတဲ့ ခါမှာ ပြီးခဲ့တဲ့ ၃ နှစ်လောက်တုန်းက ကိုယ်စားလှယ်ပေးပြီးသည့်နောက်ပိုင်းမှာ ရောင်းအားက ကယားပြည်နယ်မှာ တအား တိုးတက်လာတယ်။ ပစ်ခတ်ရပ်စဲတဲ့ကာလပြီးမှဘဲ မဟုတ်ဘူးပေါ့နော် အရင်ကတည်းကဘဲ ရောင်းအားကောင်းတာ” ဟု ဦးကုဋေလင်းက ပြောသည်။
ဒဂုံအဖျော်ယမကာ ကုမ္မဏီလိမိတက်လွိုင်ကော်ရုံးခွဲတွင် တစ်ရက်ကို ဒဂုံသံဗူးအနီ တစ်ဖာလျှင် ၂၄ ဗူးပါရှိသည့် ဖာစုစုပေါင်း ၃၀၀၀ တင်သွင်းလျက်ရှိကြောင်း၊ တခြားသောကိုယ်စားလှယ်များထံမှလည် တစ်လလျှင် ဖါ ၅၀၀၀၀ နှင့် မန္တလေး ၊ နေပြည်တော် ၊ တောင်ငူမြို့မှလည်း သီးသန့်သင်တွင်းသူများ ရှိသည့်အတွက် ဒဂုံသံဗူးအနီဖါပေါင်း တစ်လျှင် သိန်းချီပြီး ဝင်ရောက်လာသည်ဟု ဦးကုဋေလင်းက ရှင်းပြသည်။
ဒဂုံဘီယာကို ကယားပြည်နယ်အတွင်းရှိ လူကြီးလူငယ်ကျား /မ မရွေး သောက်သုံးနေကြသည့် အခြေအနေတွင် တွေ့မြင်နေကြရသည်။
ဒဂုံဘီယာကိုငယ်ငယ်ကတည်းက သောက်သုံးနေသော မောင်ကလိုက်ကလည်း ̏ ကျတော်ကတော့ ဘီယာကို နေ့လည်လောက်မှာ သောက်တယ်။ ဘာလို့လဲဆိုတော့ ပူလို့။ပြီးတော့ အလုပ်ပင်ပန်းတဲ့ ချိန်တို့ အလုပ်ပြီးတဲ့ချိန်တို့ ဆိုပိုသောက်တယ်˝ ဟုဂျိုးငြိမ်းချမ်း စည်ဘီယာဆိုင်တွင် သောက်ရင်းပြောပြခြင်းဖြစ်သည်။
နောင်ယားကန်သာတွင် ဒဂုံဘီယာဆိုင်ဖွင့်ထားသော ရွေတောင်ပံ စားသောက်ဆိုင်မှ မန်နေဂျာဦးငြိမ်းချမ်းမိုး သည်လည်း ၎င်းတို့ဆိုင်တွင် သင်္ကြန်ချိန်အထူးသဖြင့် ပူပြင်းသောအချိန်တွင် ပို၍ လာရောက်သောက်သုံးကြ ကြောင်းဆိုပါသည်။
ဒဂုံအဖျော်ယမကာ ကုမ္မဏီလိမိတက်မှ ဒဂုံစည်ဘီယာ၊ ဒဂုံသံဗူး(အနီ၊ အစိမ်း)၊ ဒဂုံပုလင်း( အနီ၊ အစိမ်း)၊ ဒဂုံစူပါ၊ ဒဂုံမုယော အားဖြည့်အချိုရည်စသည်တို့ကို ထုတ်လုပ်လျက်ရှိပြီး ၊ ဒဂုံသံဗူးအနီမှာ alcohol 8% ပါဝင်ပြီး ၊အစိမ်းမှာ 5% ၊ ဒဂုံစူပါတွင် 7.2 %ပါဝင်ပြီး၊ ဒဂုံမုယောအားဖြည့်ချိုရည်မှာ alcohol လုံးဝ မပါဝင်ကြောင်း သိရသည်။
ကယားပြည်နယ်နှင့်တောင်ကြီးမြို့တို့သည် ဒဂုံဘီယာကို အများဆုံးဝယ်ယူအားပေးနေသောကြောင့် ဝယ်ယူအာပေးသော customer များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ဒဂုံကုမ္မဏီမှ ဦးဆောင်ပြီး free show များကို နှစ်နှစ်ဆက်တိုက် ကျင်းပပြုလုပ် ပေးခဲ့ကြောင်းသိရသည်။

No comments:
Post a Comment