Thursday, April 9, 2015

ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်မပါဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ ဆန္ဒမပြရန်တားမြစ်

မဇ္ဈိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက် ခွင့်ပြုချက်မရှိဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ဆန္ဒပြမှုများတွင် မပါဝင်ကြရန် ဧပြီလ ၇ ရက်စွဲဖြင့် ကန့်သတ်လိုက်သည်။

"အဖွဲ့ချုပ် အဖွဲ့ဝင်များသည် အခြားအဖွဲ့အစည်းများက ဦးဆောင်ကျင်းပသည့် မည်သည့် ဆန္ဒပြပွဲ၊ ဆန္ဒပြပွဲနှင့် စီတန်းလှည့်လည်ပွဲများတွင် မဆို အဖွဲ့ချုပ်၏ ညွှန်ကြားခွင့်ပြုချက် မရရှိဘဲ ပါဝင်ဆောင်ရွက်ခြင်းမပြုရ" ဟု တားမြစ်ချက်တွင် ပါရှိသည်။

ပါတီ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် တိုက်တွန်းထားပြီး ပါတီရုံးအဆောက်အဦးများ၊ ပစ္စည်းများကိုလည်း ညွှန်ကြားချက် မရဘဲ၊ အခြားအဖွဲ့အစည်းများ၏ အကျိုးအတွက် အသုံးမပြုရန်လည်း တားမြစ်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အချို့သည် မိမိသဘောဖြင့် ဆန္ဒပြပွဲများတွင် ပါဝင်မှုများ ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထုတ်ပြန်ကြေညာချက်ကို တိုင်းနှင့် ပြည်နယ် ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့များ မှသည် အောက်ခြေအဆင့် ရပ်ကွက်၊ ကျေးရွာ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင် အဖွဲ့များအထိ ဖြန့်ဝေထားသည်။

No comments: