သီဟကိုကို
ဘဏ္ဍာရေးကဏ္ဍ လုပ်ငန်း များသည် အိမ်ခြံမြေဈေးကွက် အတွင်းသို့ ပါဝင်လာမှုမှာ ယခင်က ထက် ပိုမို များပြားလာ သည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင် အသိုင်း အဝိုင်းက သုံးသပ်ပြော ကြားသည်။
မြန်မာနိုင်ငံတွင် ယခင်က ဘဏ္ဍာရေး လုပ်ငန်း အဖွဲ့အစည်း များသည် အိမ်ခြံမြေများကို အပေါင်ခံငွေ ထုတ်ချေးမှုသာ ပြုလုပ်ကြပြီး အခြားလုပ်ငန်း များတွင် ပါဝင်ဆောင် ရွက်မှု အားနည်း ခဲ့သည်။ သို့သော် ယခု အခါတွင် အဆိုပါ အနေ အထားမှ အချို့သော ဘဏ္ဍာရေး လုပ်ငန်း များများ သည်ပြောင်းလဲ လာပြီး အိမ်ခြံမြေဈေးကွက် အတွင်း ပိုမိုပါဝင် ပတ်သက်လာ သည်ဟု သုံးသပ် ကြသည်။
နိုင်ငံတကာတွင် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် အိမ်ခြံမြေဈေးကွက် ပိုမိုဖွံ့ဖြိုးလာစေရေးအတွက် အဓိကနေရာမှ ပါဝင်လုပ်ဆောင်လျက်ရာ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေး ကွက် ပိုမိုဖွံ့ဖြိုး လာစေရန် ဘဏ္ဍာရေး လုပ်ငန်း အဖွဲ့အစည်းများ ပိုမို ပါဝင်ဆောင် ရွက်သင့် သည်ဟု House.com.mm အွန်လိုင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ Managing Director Mr. Sommerfeld ကပြောသည်။
"လက်ရှိအိမ်ခြံမြေဈေး ကွက်အတွင်း မှာပြည်သူအများစု ပါဝင်နိုင်ဖို့ဆိုရင်တော့ ဘဏ္ဍာရေးထောက်ပံ့မှုဟာ မဖြစ်မနေ လိုအပ်ပါတယ်။ဒီလိုမှ မဟုတ်ရင်တော့ အိမ်ခြံမြေ ပိုင်ဆိုင် ခွင့်တွေ ဟာငွေကြေး တတ်နိုင် သူတွေအတွက် ပဲဖြစ်နေပါ လိမ့်မယ်။ ဘဏ်တွေ အနေနဲ့သာ ဒီလိုချေးငှား မှုတွေပြု လုပ်ရမှာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့လည်း ဒီလိုရေရှည်စီမံကိန်းတွေတည်ငြိမ်မှုရရှိစေဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ထိန်း သိမ်းပေးရမှာပါ"ဟု၎င်းက ဆက်လက်ပြော သည်။
မြန်မာနိုင်ငံအတွင်းရှိ အချို့ဘဏ်ကြီးများသည် အိမ်ရာ စီမံကိန်းအချို့တွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အစိုးရ၏ အိမ်ရာဆောက်လုပ်ရေးစီမံကိန်းများတွင် ဘဏ်ချေးငွေ များကို ပံ့ပိုးပေးနေကာ ဧရာဝတီဘဏ်မှ Sky Suites ကွန်ဒိုအတွက် အရစ်ကျငွေပေးချေ မှုစနစ်များ ကိုဆောင်ရွက်နေသည်။
နိုင်ငံတကာတွင် အိမ်ခြံမြေများကို အပေါင်ခံ ငွေထုတ်ချေးပေးမှုများ၊ အိမ်ရာဝယ်ယူလိုသူများအတွက် အရစ်ကျပေးချေမှု စနစ်ဖြင့်ဆောင်ရွက်ပေး မှုများ ၊ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးအဖွဲ့ အစည်းများ မှထောက်ပံ့ မှုများ ကိုပြုလုပ်ပေးနေသည်။
No comments:
Post a Comment