Sunday, April 12, 2015

အစိုးရပိုင်မြန်မာ့ စီးပွားရေးဘဏ်က ဘဏ်ခွဲသုံးခု ထပ်မံတိုးချဲ့မည်

ထင်လင်းအောင်

အစိုးရဘဏ်လုပ်ငန်းဖြစ်သော မြန်မာ့စီးပွားရေး ဘဏ်က ဘဏ်ခွဲ သုံးခုကို ထပ်မံတိုး ချဲ့ဆောက်လုပ်ရန် ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အသုံးစ ရိတ်ဖြင့်ဆောင် ရွက်သွား မည်ဖြစ်သည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ထိုသို့ မြန်မာ့စီးပွားရေးဘဏ်၏ အဆောက်အအုံများ ထပ်မံတိုးချဲ့ရေးအတွက် ဆောက်လုပ်ရေး ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် လုပ်ကိုင် ခွင့်ပေးသွား ရန် မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) စီမံခန့်ခွဲရေး ဌာနက တင်ဒါခေါ် ယူခဲ့ခြင်းဖြစ်သည်။ ၎င်းအဆောက် အအုံများအနက် ဘဏ်ခွဲနေရာ သုံးခုနှင့်ငွေ သိုလှောင် ခန်းအဆောက် အအုံတစ်ခုတို့ ပါဝင်သည်။

ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အသုံး စရိတ်ဖြင့် ထပ်မံ တိုးချဲ့ တည်ဆောက်မည့် ဘဏ်အဆောက် အအုံများ မှာနေပြည်တော်ရှိ ပုဗ္ဗသီရိဘဏ်ခွဲ၊ ကမာရွတ်ဘဏ် ခွဲနှင့် ကိုကိုးကျွန်းဘဏ် ခွဲတို့ဖြစ်ကာ ပုဗ္ဗသီရိ ဘဏ်ခွဲတွင် ငွေသိုလှောင်ခန်း အဆောက်အအုံအတွက်လည်း တင်ဒါထည့် သွင်းခေါ် ယူထားသည်။

၎င်းအဆောက်အအုံ များအတွက် တင်ဒါခေါ်ယူရက်ကို မေလ ၈ အထိ သတ်မှတ်ထားကာ အဆောက် အအုံပုံစံ အသေး စိတ်များ ကိုမြန်မာ့ စီးပွားရေး ဘဏ်က ပင်ရေးဆွဲ သွားမည်ဟု တင်ဒ်ါခေါ် ယူရေးကော်မတီ ကဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ အစိုးရပိုင်ဘဏ် လေးဘဏ်၊ ပုဂ္ဂလိကဘဏ် ၂၂ ဘဏ်နှင့် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးရန် နိုင်ငံတကာဘဏ် ကိုးဘဏ်ရွေးချယ်ထား ပြီး သုံးဘဏ်ကို လုပ်ငန်းဆောင်ရွက်ခွင့် လိုင်စင် ထုတ်ပေးပြီးဖြစ်သည်။

No comments: