နိုင်နိုင်ဇော်
Air Mandalay လေကြောင်း ပြေးဆွဲမှုကို လာမည့် မေလ ၁ ရက်တွင် ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်း တာဝန်ရှိသူက ပြောသည်။
လေယာဉ်အစားထိုးပြေးဆွဲရန် စီစဉ်ခဲ့မှုကြောင့် ခုနစ်လတာ ခေတ္တရပ်နားခဲ့သည့် လေကြောင်းပြေးဆွဲမှုအား လာမည့်မေလတွင် ပြန်လည်စတင်သွားမည်ဟု Air Mandalay လေကြောင်းလိုင်းမှ CEO ဦးစိုင်းခမ်းပပ က ဆိုသည်။
“ကျွန်တော်တို့အရင်ပြေးဆွဲနေတဲ့ ATR တွေနေရာမှာ ဘရာဇီးထုတ် ဂျက်လေယာဉ်တွေနဲ့ အစားထိုး ပြေးဆွဲဖို့ လေယာဉ်မှာ ယူခဲ့တာ လေယာဉ်တွေရောက်တာ နောက်ကျလို့ ကြားမှာပြေးဆွဲမှု ခေတ္တရပ်နားခဲ့ရတာ ပါ။ အခုလာမယ့် မေ ၁ မှာ လေကြောင်းပြေးဆွဲမှု ပြန်လည်စတင်တော့မှာပါ” ဟု ၎င်းက ရှင်းပြသည်။
ခရီးသည်၏ လုံခြုံစိတ်ချမှု ဦးစားပေးခဲ့ခြင်းကြောင့် သက်တမ်းလွန် ATR များ အသုံးမပြုလိုခြင်းကြောင်း လေကြောင်းပြေးဆွဲမှု ရပ်နားခဲ့ရခြင်းဟုလည်း ၎င်းက ထပ်မံပြောသည်။
လေကြောင်းပြန်လည်ပြေးဆွဲချိန်မှာ ခရီးသွားရာသီလွန်သွားခြင်းကြောင့် ပြည်တွင်း လေကြောင်းခရီးစဉ် များကိုသာ ကနဦးစတင် သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတကာလေကြောင်းခရီးစဉ်များကိုလည်း ပြေးဆွဲရန် မျှော်မှန်းထားသည်ဟု Air Mandalay လေကြောင်းလိုင်းတာဝန်ရှိသူက ရှင်းပြသည်။
ပြည်တွင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် ယခင်က ပြေးဆွဲမှုမရှိသည့် ပြည်တွင်းခရီးစဉ်များကို လည်း တိုးချဲပြေးဆွဲသွားမည်ဟုလည်း အဆိုပါလေကြောင်းလိုင်းက ထုတ်ပြန်သည်။
Air Mandalay လေကြောင်းပြေးဆွဲမှုအတွက် ဘရာဇီးဂျက်လေယာဉ် နှစ်စီးနှင့် ATR လေယာဉ်တစ်စီး တို့ကို အသုံးပြုသွားမည်ဖြစ်ပြီး ATR လေယာဉ်အား ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ဂျက်လေယာဉ်ပြေးဆွဲ ရန် အဆင်မပြေသည့် ပြည်တွင်းခရီးစဉ်များတွင် အသုံးပြုရန် ရည်ရွယ်ထားသည်ဟုလည်း အဆိုပါလေကြောင်း လိုင်း CEO ဖြစ်သူက ဆိုသည်။
လေကြောင်း လက်မှတ်ခများအဖြစ် ပြည်တွင်း ခရီးသွားများအတွက် လေကြောင်းပျံသန်းမှုခရီးစဉ်တစ် ခုလျှင် ကျပ်ခြောက်သောင်းနှင့် နိုင်ငံခြားသား ခရီးသွားများအတွက် ဒေါ်လာတစ်ရာသတ်မှတ်ရန် မှန်းထား သော်လည်း ခရီးစဉ်အနီးအဝေးလိုက်အပြောင်းအလဲများရှိနိုင်သည်ဟု ယင်းတာဝန်ရှိသူက ပြောသည်။
Air Mandalay လေကြောင်းလိုင်းသည် ၁၉၉၄ အောက်တိုဘာတွင် ပြည်တွင်းပြေးဆွဲမှုဖြင့် စတင်ခဲ့ ခြင်းဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက ထုတ်ြပန်ထားသည်။
No comments:
Post a Comment