Saturday, April 11, 2015

ကိုးကန့် အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကို ဖမ်းဝရမ်းထုတ်

ကျော်ခ

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကို လောက်ကိုင်မြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ် ထားတယ်လို့ သိရပါတယ်။

“တိုက်ပွဲ ကာလအတွင်းမှာ တပ်မတော်ဘက်က ဘယ်နှစ်ယောက် ကျပါတယ်။ ဘယ်လို တိုက်ပါတယ် ဆိုပြီး သိသိကြီးနဲ့ မဟုတ် မမှန် သတင်းတွေထုတ်ပြီး တပ်မတော်သားတွေ စိတ်ဓာတ်ခွန်အားတွေ လျော့ကျစေအောင် ပြုလုပ်နေတဲ့ အတွက် အခုလို ပုဒ်မ တွေနဲ့ စွဲတာပါ”လို့ ရှမ်းပြည်နယ် မြောက်ပိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိ တဦးက ဧရာဝတီကို ပြောပါတယ်။

အစိုးရ တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်နေတယ်ဆိုပြီး ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ တိုင်ကြားချက်အပေါ် ဖမ်းဝရမ်း ထုတ်လိုက်တာ ဖြစ်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ရဲတပ်ဖွဲ့မှ သိရပါတယ်။

ဦးထွန်းမြတ်လင်းကို ၁၉၅၀ အရေးပေါ် စီမံချက် အက်ဥပဒေပုဒ်မ ၅ (က)၊ ၅ (င) မမှန်သတင်း ထုတ်လွှင့်မှု အရ ဝရမ်းထုတ်ထားပြီးနောက် ဦးထွန်းမြတ်လင်း နေထိုင်တဲ့ ဇာတိ၊ အိမ်ထောင်စု ဇယားနဲ့ မှတ်တမ်းဓာတ်ပုံတွေကို တိုင်းနဲ့ပြည်နယ် အားလုံးက ရဲ တပ်ဖွဲ့တွေဆီကို ဖြန့်ဝေထားတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောပါတယ်။

အစိုးရဘက်က ဖမ်းဝရမ်း ထုတ်ပြန်လိုက်မှုနဲ့ ပတ်သက်ပြီး ဦးထွန်းမြတ်လင်းက“ကျနော့်ဘက်က မီဒီယာတွေကို အရှိ အရှိအတိုင်း အဖြစ်အပျက်အတိုင်း ကျနော် တင်ပြခဲ့တာပဲ။ ဒါကို စိတ်ဆိုးပြီး ဒီလိုလုပ်တာပဲလို့ ထင်ပါတယ်။ တပ်မတော်ဘက်က ထုတ်ပြန်တဲ့ သတင်းတွေဆိုရင် ကျနော်တို့ရဲ့တောင်ကုန်းတွေ ဘယ်လောက် သိမ်းလိုက်ပါပြီ ဘာညာနဲ့ ထုတ်ပြန်တာတွေလည်း မမှန်ဘူး။ ဒါတွေကြတော့ ဘယ်သူက အရေးယူပေးမလဲ”လို့ ဧရာဝတီကို ပြောပါတယ်။

လောလောဆယ် သူဟာ တရုတ်-မြန်မာ နယ်စပ် မြန်မာနိုင်ငံထဲမှာပဲ နေထိုင်နေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ သတင်းမှန်ကို လူထုသိအောင် ချပြနေဦးမှာ ဖြစ်တယ်လို့ ဦးထွန်းမြတ်လင်းက ဆိုပါတယ်။ ဦးထွန်းမြတ်လင်းဟာ MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ သားမက်တော်စပ်သူဖြစ်ပြီး MNDAA ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

MNDAA ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးဖုန်းကြားရှင်ကို ၂၀၀၉ ခုနှစ်ကတည်းက ဖမ်းဝရမ်း ထုတ်ပြန်ထားပြီး ဒီဖမ်းဝရမ်းကိုလည်း ပြန် မရုပ်သိမ်းရသေးဘူးလို့ ရှမ်းပြည်နယ်မြောက်ပိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

MNDAA ဟာ မြန်မာ့တပ်မတော်နဲ့ အရင်က အထူးမိတ်ဆွေတွေ ဖြစ်ခဲ့ကြကြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံ တဲ့ နောက်ပိုင်း ၂၀၀၉ ခုနှစ်မှာ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လက်နက် ထုတ်လုပ်မှုတို့နဲ့ တပ်မတော်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး

No comments: