Wednesday, April 15, 2015

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မဲနှိုက်၊ မြန်မာအသင်း အုပ်စုပွဲစဉ် ထွက်ရှိ

DVB

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ၂၀၁၉ အာရှဖလား ခြေစစ်ပွဲတွေအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မနေ့က မဲနှိုက်ခဲ့ကြပါတယ်။

အခုအကြိမ်ဟာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အာရှဖလား ခြေစစ်ပွဲကို ပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ တောင်ကိုးရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအို တို့နှင့် အုပ်စု G မှာ ကျပါတယ်။ အုပ်စု ဗိုလ် ၈ သင်းနှင့် အုပ်စု အကောင်းဆု ဒုတိယ ၄ သင်း ၂၀၁၉ အာရှဖလားခြေစစ်ပွဲအောင်ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တတိယအဆင့် တက်မှာ ဖြစ်ပါတယ်။

အုပ်စု အကောင်းဆုံး ဒုတိယ ၄ သင်း၊ အုပ်စု တတိယ နေရာရ အသင်း ၈ သင်း၊ အုပ်စု အကောင်းဆုံး စတုတ္ထနေရာရ ၄ သင်းဟာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယ အဆင့်တက်မှာ ဖြစ်ပါတယ်။ ကျန် စတုတ္ထနေရာရ ၄ သင်းနှင့် အုပ်စု နောက်ဆုံးနေရာရ ၈ သင်းတို့ဟာ အာရှဖလားခြေစစ်ပွဲ တတိယ အဆင့်တက်ဖို့ ရှုံးထွက်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

မြန်မာအသင်း ပွဲစဉ်တွေကတော့ ဇွန် ၁၁ ရက်နေ့မှာ လာအိုနှင့် မြန်မာ၊ ဇွန် ၁၈ မှာ မြန်မာနှင့် တောင်ကိုရီးယား တို့ ဘန်ကောက်မှာ ကစားရမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့မှာ ကူဝိတ်နှင့် မြန်မာ၊ အောက်တိုဘာ ၈ မှာ မြန်မာနှင့် လက်ဘနွန်၊ အောက်တိုဘာ ၁၃ ရက်နေ့မှာ မြန်မာနှင့် လာအို၊ နိုဝင်ဘာ ၁၂ ရက်နေ့မှာ တောင်ကိုးရီးယားနှင့် မြန်မာ၊ နိုဝင်ဘာ ၁၇ မှာ မြန်မာ နှင့် ကူဝိတ်နဲ့ မတ် ၂၉ ရက်နေ့မှာတော့ လက်ဘနွန်နှင့် မြန်မာတို့ ကစားကြမှာ ဖြစ်ပါတယ်။

No comments: