Friday, April 10, 2015

စင်ကာပူ တွင်ပြုလုပ်မည့် အလှမယ် ပြိုင်ပွဲများ သို့မြန်မာနိုင်ငံမှ ပထမဦးဆုံး အကြိမ်စေလွှတ်မည်

ပန်းမြတ်ဇော်

Style Plus H သင်တန်းကျောင်းက စင်္ကာပူ နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် Miss Mi Ni International 2015 ၊ Miss Little International 2015 ၊ Miss Teen International 2015 ပြိုင်ပွဲ သုံးခုသို့မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ရန် ပထမဦးဆုံး အကြိမ်အဖြစ် အလှမယ် သုံးဦးစေလွှတ် မည်ဖြစ်ကြောင်း Style Plus H သင်တန်းကျောင်းမှ မလှနုထွန်း က မဇ္ဈိမ ကိုပြောသည်။

International Prince & Princess ပြိုင်ပွဲကို စင်္ကာပူ နိုင်ငံတွင် ကျင်းပ ပြုလုပ် ခဲ့သည်မှာ ၁၅ကြိမ် မြောက် ရှိပြီ ဖြစ်ပြီး ထိုပြိုင်ပွဲတွင် Mi Ni Miss Internation al 2015 ၊ Little Miss International 2015 ၊ Miss Teen International 2015 ပြိုင်ပွဲတို့ ပါဝင်ခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲ သုံးခု အတွက် မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲ တစ်ခု ချင်းစီ အတွက် Style Plus H သင်တန်းကျောင်းမှ Mini Miss Myanmar ၊ Little Miss Myanmar ၊ Miss Teen Myanmar တို့ကို ယှဉ်ပြိုင်စေမည် ဖြစ်သည်။

Style Plus H သင်တန်းကျောင်းမှ မလှနုထွန်း က "အရွယ်သုံးပါး လှနု တို့ကို စင်တင် ပေးခဲ့တဲ့ ကျေးဇူးကြီး လှတဲ့ Oramin F ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီပွဲ ကိုမြန် မာ ပြည် ကိုယ်စားပြု ရွေးခြယ် စေလွှတ်ခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ၃ဦးလုံးက ချစ်စရာကောင်းတယ် အင်္ဂလိပ် လည်း ကျွမ်းကျင် ကြတယ်" ဟုပြောသည်။

Mi Ni Miss International 2015 ပြိုင်ပွဲကို အသက် ၄နှစ် မှ ၇နှစ် ဟု သတ်မှတ် ထားပြီး Little Miss International 2015 ပြိုင်ပွဲကို အသက် ၇နှစ် မှ ၁၃နှစ်ဟု သတ်မှတ်ကာ Miss Teen International 2015 ပြိုင်ပွဲ အတွက်ကို အသက် ၁၃နှစ် မှ ၁၉နှစ် ဟု သတ်မှတ် ထားသည်။

Mi Ni Miss International 2015 ပြိုင်ပွဲ အတွက်ကိုမြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ချစ်ချစ်တုန် ၊ ၊ Little Miss International 2015 အတွက်မြန်မာနိုင်ငံ ကိုယ် စားပြု အဖြစ် ရှင်းသန့်ဖြူစင် တို့က ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး Miss Teen International 2015 ပြိုင်ပွဲ အတွက်ကိုမူ Style Plus H သင်တန်းကျောင်းမှ မကြာမီ ကြေညာ ပေးသွားမည် ဖြစ်သည်။

International Prince & Princess ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက် နှင့် ၂၅ရက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး နောက် ဆုံး ပြိုင်ပွဲကို ဇူလိုင် ၂၅ရက်၌ ကျင်းပပြုလုပ် မည် ဖြစ်သည်။ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်သည့် အခါတွင် ပြိုင်ပွဲဝင်များ၏ မိဘများ နှင့်အတူ Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းလည်း လိုက် ပါ သွားမည် ဖြစ်သည်။

No comments: