မဇ္ဈိမ
ဧပြီလ ၈ ရက် အမျိုးသား လွှတ်တော် တွင်ဆွေးနွေး ချက်များ အရမွေးမြူရေး ၊ရေလုပ်ငန်းနှင့်ကျေး လက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန လိမ်လည်သည် ဟုဆိုကာ ပါးရိုက်ခံရနိုင်ကြောင်း အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက ထုတ်ဖေါ် လိုက်သည်။
နယ်စပ်ရေးရာ ဝန်ကြီး ဌာနနှင့်မွေးမြူရေး ၊ရေလုပ် ငန်းနှင့်ကျေး လက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန တို့ဆောင်ရွက် ခဲ့သော လုပ်ငန်း များအပေါ် အမျိုးသား လွှတ်တော်ပြည်သူ့ငွေ စာရင်းကော်မတီကဧပြီ ၈ရက်က စိစစ်တင်ပြရာတွင်အမတ်အချို့ ၏ထောက်ပြဆွေးနွေးချက်ကို ညွှန်းဆိုလျက် ဦးလှဆွေက ဆိုခြင်းဖြစ် သည်။
"ကိုယ်စားလှယ်နှစ်ယောက်ဆွေးနွေး ချက်တွေကြောင့်မွေးမြူရေးနှင့်ကျေး လက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန (ပါးရိုက်မယ်ဆိုလို့ နာမည်ကြီးတဲ့ ဝန်ကြီးဌာန )တော့ ကိုယ်တိုင် ပါးရိုက်ခံရတော့ မယ်ထင်တယ်" ဟုဆိုသည်။
ဦးလှဆွေက သူအင် လူမှုကွန်ယက် ဖေ့စ်ဘုတ်တွင် "ကိုယ်တိုင် ပါးရိုက်ခံရပြီ" ဟု ခေါင်းစဉ်တင်လျက် ရေးသားထားသည်။ ပလက်ဝမြို့နယ်တွင်းရှိ တံတားတစ် ခုသည် ရာနှုန်းပြည့်ပြီးပါပြီဆိုသော်လည်း ပလက်ဝမြို့နယ် လွှတ်တော်အမတ် ဆလိုင်းခွဲယန်က လွှတ်တော် တွင်းဆွေးနွေးရာတွင် အဆိုပါ တံတားသည် ဧပြီ ၄ ရက်တွင် အာစီတိုင်သာ စိုက်ထူရသေးကြောင်း တင်ပြခဲ့သည်ဟု ဦးလှဆွေက ဆိုသည်။
"ဖုံးဖြင့် ဓါတ်ပုံရိုက်၍ အွန်လိုင်းမှ ပေးပို့ခဲ့သောပုံများကို လွှတ်တော် ပရိုဂျက်တာကြီးမှာ ထိုးပြသွားပါတယ် ၊ ဒါဆို မပြီးသေးတာကို ပြီးပြီလို့ပြောတာ ဟာလိမ် တာပေါ့ ပါးတချက်" ဟု ရေးသားထားသည်။
အလားတူ ကလေးမြို့နယ်အတွင်းရှိ ခရိုင်ချင်းဆက် အာစီတံတားသစ်သည်တိုနေပြီး ကမ်းစပ်နှင့် ပေ ၄၀ ကွာနေ သည်ဟု ကလေးမြို့နယ် လွှတ်တော် အမတ် ဦးသိန်းလှိုင်က တင်ပြခဲ့သည်။ "ဖြစ်ပုံက တံတား က တိုနေပြီး ချောင်းစပ်ကို ပေ ၄၀ အကွာမှာဘဲ ကမ်းကပ်ခုံ ဆိုတာကြီးကို တည်ဆောက် ထားသဗျ အဲ့မှာ ပါး တစ်ချက်" ဟုရေးသား ထားသည်။
ခရိုင်ချင်းဆက် တံတားတိုနေသည်ကို လွှတ်တော်အမတ် ဦးသိန်းလှိုင်က ဆွေးနွေးရာတွင် အဆိုပါ တံတားကို ကန်ထရိုက်က ခန့်မှန်းတွက်ချက် တည်ဆောက် ထားသည်ဟု ဆိုသည်။ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးရာတွင်လည်း စံမမှီ တည်ဆောက်ထားသည်ကို တွေ့ရသည်ဟု ဆွေးနွေးခဲ့ကြောင်း ဦးလှဆွေ ကရေးသားသည်။
ထို့ကြောင့် အဖေ့မြေကုမ္ပဏီ ဥက္ကဋ္ဌကို မသမာလုပ်မှုဖြင့် အမှုဖွင့်ထားသည်ဟု အစီရင်ခံစာတွင် ဆိုသော်လည်း အစီရင်ခံစာတွင် ပါရှိသည့် ရဲစန်းသို့ စုံစမ်းရာ တွင်အမှုဖွင့်ထားခြင်း မရှိဟုလည်း ဦးသိန်းလှိုင်၏ ဆွေးနွေးမှုကို ကိုးကားလျက် ဦးလှဆွေက ရေးသားသည်။
"ဒါဆို စစ်ဆေးရေးအဖွဲ့ ဆိုတာကလည်း အရေးမယူတာကို ယူပါတယ်ပြောတာဟာ လိမ်နေတာဘဲပေါ့ ဒါက ပါး တချက်" ဟု ဦးလှဆွေက ဆိုသည်။
"ဝန်ကြီးဌာနက တာဝန်ရှိ သူများ ကလည်း သွားမစစ် ဘူးလား" ဟု ဦးလှဆွေ ကမေးခွန်း ထုတ်ထားသည်။ ကြည့်ရတာ နယ်ခံ အမတ်က ပရော်ဂျက်တာနဲ့ လွှတ်တော် မှာထိုးပြ တာတောင် ဖြုံဖြုံ ရှိဟန်မတူသေးပါဘူး အဲ့ အတွက် ပါးတချက်" ဟု ဦးလှဆွေက ရေးသားသည်။
ဧပြီ ၈ ရက်အမျိုးသားလွှတ်တော်တွင် ကျေးလက်ဒေသ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီး ဌာန တို့ဆောင်ရွက် ခဲ့သော လုပ်ငန်းများ အပေါ် စိစစ်တင်ပြခြင်း အစီရင်ခံစာ ကိုပြည်သူ့ငွေ စာရင်းကော်မတီက တင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစီရင်ခံစာကို လွှတ်တော်အမတ် ခုနှစ်ဦး ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment