ပိုင်စိုး
သင်္ကြန်အကျနေ့နဲ့ အကြတ်နေ့မှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းပေါင်း ၁၀၅ ခု ဖြစ်ပွားပြီး လူ ၂၅၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ကရင်နဲ့ ချင်းပြည်နယ် မပါဝင်တဲ့ အဲဒီ ထုတ်ပြန်ချက်မှာ သင်္ကြန်အကျနေ့က နေပြည်တော်မှာ မုဒိမ်းမှု ၁ ခု၊ ဧရာဝတီတိုင်းမှာ လူသတ်မှု ၁ ခုနဲ့ ရှမ်းပြည်နယ်မှာ သေမှုသေခင်း ၁ ခုရှိတယ်လို့ ဖော်ပြထားပါတယ်။
ထူးခြားတာတွေကတော့ သင်္ကြန်အကျနေ့က နေပြည်တော်မှာ မုဒိမ်းမှု၊ ကာယိနြေ္ဒဖျက်ဆီးမှုနဲ့ လက်နက်မှု ၁ မှုစီ၊ ရခိုင်ပြည်နယ်မှာ မူးယစ်ရမ်းကားမှု၊ လက်နက်မှုနဲ့ ခိုက်ရန်ဖြစ်ပွားမှု ၁ မှုစီဖြစ်ပွားခဲ့တာပါ။
သင်္ကြန်အကြတ်နေ့မှာတော့ နေပြည်တော်မှာ ယာဉ်မတော်တဆမှု ၁ ခုကြောင့် လူ ၃၁ ယောက်ဒဏ်ရာရပြီး ရန်ဖြစ်လို့ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဧပြီလ ၁၄ နဲ့ ၁၅ ရက်က ယာဉ်မတော်တဆမှုပေါင်း ၂၉ မှုရှိပြီး လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
မှုခင်း အများဆုံးကတော့ ရန်ကုန်တိုင်းဖြစ်ပြီး ခါးပိုက်နှိုက် ၂၅ မှုနဲ့ ယာဉ်မတော်တဆမှု ၄ မှု ဖြစ်ပွားခဲ့ပါတယ်။
ဧပြီလ ၁၄ နဲ့ ၁၅ ရက်က သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းတွေကြောင့် တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ သေဆုံးသူ စုစုပေါင်း ၃ ယောက်ရှိတာပါ။
No comments:
Post a Comment