Wednesday, April 15, 2015

ပုသိမ်-မောင်တင်လမ်း ယာဉ်တိမ်းမှောက် ၁၀ဦးသေဆုံး

စည်သူမောင်မောင်

ပုသိမ်-မောင်တင်လမ်း မိုင်တိုင် ၄၃တွင် ဧပြီ ၁၄ရက် သင်္ကြန်အကျနေ့ နံနက်ပိုင်းက ဒိုင်နာတင် တိမ်းမှောက်ကာ ၁၀ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်ဟု မေတ္တာအေး လူမှုရေးအသင်းက ကိုသက်နောင်က မဇ္ဈိမကို ပြောသည်။

သေဆုံးသူများကို ကျုံကူးကျေးရွာသို့ ပြန်လည်သယ်ဆောင်သွားပြီး ဒဏ်ရာရသူများကို ငပုတော ဆေးရုံတွင် ဆေးကုသပေးလျက်ရှိသည်

တိမ်းမှောက်ခဲ့သည့် ဒိုင်နာကားမှာ ပုသိမ်မြို့သို့ ရေပက်ခံထွက်မည့်ကားဟု ယူဆရသော်လည်း အသေးစိတ်ကိုမူ မသိရှိရသေးပေ။

No comments: