နိုင်နိုင်ဇော်
သင်္ကြန် ပိတ်ရက်နီး ကပ်ချိန် အိန္ဒိယ ကုန်သည်များ မှဈေးပေးဝယ်နေခြင်းကြောင့်ပြည်တွင်း မတ်ပဲနှင့် ပဲတီးစိမ်းဈေးနှုန်း ဆက်လက်မြင့် တက်နေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် တာဝန်ရှိသူများ ကပြောသည်။
အဆိုပါ ကုန်စည်ဒိုင် ဒု-ဥက္ကဋ္ဌ ဦးခင်ဟန်က“ပိတ်ရက် နီးနေပေမယ့် အိန္ဒိယ ကတောက်လျှောက်ဈေးပေး ဝယ်နေလို့ ပဲဈေးက ဆက်ပြီး မာနေတယ်။ မတ်ပဲက လည်း ၁၀ သိန်းလောက် ကပ်နေပြီ”ဟု ဆိုသည်။
ပဲတီစိမ်းဈေးနှုန်း များလည်း တစ်တန်လျှင် ကျပ် ၁၂ သိန်း သုံးသောင်း ဝန်းကျင်အထိ မြင့်တက်လာနေ သည်ဟု ၎င်းက ထပ်မံပြော ဆိုသည်။ သင်္ကြန် ကာလပွဲ ရုံအများစု ပိတ်ရက်ရှိနေခြင်းကြောင့် အိန္ဒိယ ကုန်သည်များက ကြိုတင် အဝယ်များ ကာဈေးနှုန်းမြင့် တက်ခြင်းဟုလည်း ဘုရင့်နောင် အခြေစိုက် ပဲကုန်သည် များက ရှင်းပြသည်။
ယခုနှစ် မတ်ပဲစိုက်ပျိုးရာသီ မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး ပဲအထွက်နှုန်း ကျဆင်းလာခြင်းကြောင့် ပဲဈေး အနည်းငယ် မြင့်တက်ခြင်းဟု ဘုရင့်နောင်ပဲ ကုန်သည် ဦးမင်းဇော် ကပြောသည်။
၎င်းက“ ဒီမတ်လ ကုန်ခါနီးလောက် ကတည်းက ပဲတွေပေါ်နေပေမယ့် အရင်နှစ်လောက် သိပ်မဝင်ဘူး။ တချို့နယ်တွေမှာ စိုက်တာနောက် ကျတဲ့အတွက် ပဲအပျက် အစီး အနည်းငယ် ရှိခဲ့တော့ ပဲဈေးကွက်ပေါ်မှာ ရိုက် ခတ်လာတာပါ”ဟု ဆိုသည်။
ကုန်စည်ဒိုင် စာရင်း များအရ အိန္ဒိယမှ နေ့စဉ် ပဲတန်ချိန် တစ်ထောင်ကျော်အထိ ဝယ်ယူနေ သည်ဟု ဘုရင့်နောင် ကုန်သည်များ ကပြောသည်။ တရုတ်ဘက် မှလည်း ပဲအဝယ်ရှိနေခြင်းကြောင့် ပဲတီစိမ်း ဈေးနှုန်းများလည်း ထပ်မံမြင့်တက်လာနိုင် သည်ဟုလည်း ပဲကုန်သည် ဦးခင်ဟန်က ခန့်မှန်းပြော ဆိုသည်။
No comments:
Post a Comment