ABC
ရုရှားနိုင်ငံ အာဏုမြူစွမ်းအင် အေဂျင်စီ Rosatom က မြန်မာနိုင်ငံကို နျူကလီးယား နည်းပညာ ပံ့ပိုးနိုင်ဖို့ နှစ်နိုင်ငံ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို အဆင့်မြင့်တဲ့ နျူကလီးယား ဆိုင်ရာ စက်မှုနည်းပညာတွေ ပံ့ပိုးနိုင်ဖို့ အတွက် မြန်မာနဲ့ ရုရှားတို့ ဆွေးနွေး နေတာ ဖြစ်ပြီး မြန်မာနိုင်ငံက ပညာရှင်တွေကို သင်ကြား ပေးရာမှာ နှစ်ဖက် လိုက်နာရမယ့် မူဘောင်တွေကို ပြင်ဆင် ရေးဆွဲနေကြတယ်လို့ Rosotom ဌာကရ ဒုညွန်ကြားရေးမှူးချုပ် Kirill Komarov က တိုကျိုမြို့မှာ ပြုလုပ်တဲ့ အစည်း အဝေးမှာ ပြောသွား ခဲ့ပါတယ်။
မတ်လ အစောပိုင်းတုန်းကပဲ Rosotom ဌာနက အရာရှိတစ်ဦး မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ် မေလတုန်းကလည်း မြန်မာနိုင်ငံမှာ နျူကလီးယား လေ့လာရေးစင်တာ တစ်ခု တည်ဆောက်ဖို့ မြန်မာနဲ့ ရုရှားတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီမှာ ၁၀ မီဂါဝတ် အင်အားရှိတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို့ တစ်ခု တည်ဆောင်ဖို့၊ ဆေးဘက်ဆိုင်ရာ သုတေသန ပြုလုပ်ဖို့နဲ့ နျူကလီးယား အညစ်အကြေးတွေကို စွန့်ပစ်မယ့် နေရာတွေကိုလည်း တည်ဆောက်ပေးဖို့ ပါရှိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ပညာရှင် အယောက် ၃၀၀ ကနေ ၃၅၀ ကိုလည်း ရုရှား တက္ကသိုလ်မှာ ပညာသင်ကြားစေဖို့ မြန်မာနဲ့ ရုရှားတို့ သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

No comments:
Post a Comment