ခင်မြတ်မြတ်ဝေ
၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမှီ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ အစိုးရ၏ အကြမ်းဖက်မှုများ၊ ဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့်ပြည်သူများ လွှတ်မြောက်ရေးတို့အတွက် ငြိမ်းချမ်းရေး လိုလားသူတစ်ဦးက ဧပြီ ၁၁ရက် နံနက်က လမ်းမတော်မြို့နယ်မှ စတင်၍ ဆန္ဒပြခဲ့သည်။
"အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်တာကိုတော့ ဂုဏ်ပြုတယ်၊ ဒါပေမယ့် ကျောင်းသားတွေ၊ ပြည်သူတွေဖမ်းတာ အကြမ်းဖက်တာ၊နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းထားတာတွေ လာမယ်ရွေးကောက်ပွဲကနီးနေပြီး၊နောက်တပ်မယ် အစိုးရလက်ထက်မှ အကြမ်းဖက်မှုတွေ အကုန်လုံးကို ရပ်တန့်စေချင်တယ်"ဟု ငြိမ်းချမ်းရေး လိုလားသူ ကိုမိုးသူက ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင်လည်း လွတ်လပ်စွာသတင်းယူသူများအပေါ် အစိုးရက အကြမ်းမဖက်လိုကြောင်၊ ဖမ်းဆီးခံကျောင်းသားနှင့် ဝိုင်းရံသည့် ပြည်သူများ ပြန်လည်လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး အပါအဝင် အချက်(၆)ချက်ဖြင့် ကြွေးကြော်၍ တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
ယင်းဆန္ဒပြမှုအတွက် ခွင်ပြုမိန့်ကို လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတာမြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ခွင့်ပြုမိန့်ကို တင်ခဲ့ရာ ပန်းပဲတန်းမြို့နယ် တစ်မြို့နယ်ထဲသာ ခွင့်ပြုမိန့်ရခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment