Tuesday, April 14, 2015

၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း တရားမဝင် မှောင်ခိုဖမ်းဆီးရမိသည့် သစ်တန်ချိန် ၂,၁၀၀ ကျော်အထိ ထုတ်ရောင်းခဲ့

နိုင်နိုင်ဇော်

၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း တရားမ ဝင်မှောင်ခို ဖမ်းဆီး ရမိသည့် ပုံစံ ၈ ဝင် သစ်တန် ချိန်နှစ်ထောင်ကျော် အထိ ထုတ်ရောင်းပေး ခဲ့သည်ဟု အဆိုပါ ဌာန တာဝန်ရှိ သူတစ်ဦး ကပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောက်ခွန် ဦးစီးဌာန၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အဖွဲ့ (Mobile Team)နှင့်ဒေသအစိုးရ အဖွဲ့များက ဖမ်းဆီးရ မိသည့် သစ်များကို မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ခံ ရောင်းချပေးခဲ့သည်ဟု ပြည်တွင်း အရောင်းဌာန မန်နေဂျာ တစ်ဦးက ဆိုသည်။

“တခြားဌာနတွေက ဖမ်းဆီးရမိတဲ့ တရားမဝင် သစ်တွေ (ပုံစံ ၈ )ကို ထုတ်ရောင်းပေးတာပါ။ ဒီဘဏ္ဍာ နှစ်ထဲမှာ အားလုံးပေါင်း တန်ချိန် ၂,၁၀၀ကျော်လောက် ရှိပြီး ရောင်းချမှုကနေ ကျပ်ငွေ ၂ ဒသမ ၈ ဘီလီယံ လောက် ရပါတယ်”ပြည်တွင်း အရောင်းဌာန မန်နေဂျာတစ်ဦး ကပြောသည်။

လာမည့် ဘဏ္ဍာနှစ်တွင်းလည်း ပုံစံ ၈ ဝင်သစ်များ ရှိခဲ့ပါက မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ခံရောင်းချပေး မည်ဟုလည်း ယင်းတာဝန်ရှိသူက ထပ်မံပြောသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကုန် အထိဈေးပြိုင်လေလံရောင်း ချမှုမှ သစ်လုံးနှင့် သစ်ခွဲသား တန်ချိန် တစ်သိန်း ရှင်သောင်းကျော် အထိ ရောင်းချထားပြီး အများစုမှာ အရည်အသွေးမြင့် အဖိုးတန်ကျွန်းသစ်လုံးနှင့် သစ်မာ သစ်လုံးများဖြစ်ပြီး ယင်းတို့တွင် ပုံစံ ၈ ဝင်သစ်များလည်း ပါဝင်ခဲ့သည်ဟုမြန်မာ့ သစ်လုပ် ငန်းပြည်တွင်း အရောင်းဌာန ကပြောသည်။

ယခင် ဘဏ္ဍာနှစ် အတွင်းမြန်မာ့သစ် လုပ်ငန်းပြည်တွင်း အရောင်း ဌာနဈေးပြိုင်လေလံ စနစ်ဖြင့် သစ်လုံးရောင်း ချမှုမှ ကျပ်ငွေခြောက်ဆယ် ဘီလီယံကျော် ရရှိခဲ့ကြောင်း အဆိုပါဌာန တာဝန်ရှိ သူတစ်ဦး ကပြောသည်။

No comments: