ခင်မြတ်မြတ်ဝေ
သင်္ကြန် ပွဲတော်တွင်း ရေပတ်ခံထွက်ချင်သူများ အခမဲ့ ရေပတ်ခံထွက်နိုင်ရန် မြန်မာနိုင်ငံတွင် မကြာခင် ဆိုင်ခွဲလာဖွင့်တော့မည့် အမေရိကန် ကြက်ကြော်ကုမ္ပဏီ KFC က ထရပ်ကားများ စီစဉ်ပေးမည်ဖြစ်သည်။
ရေပတ်ခံလိုက်ချင်သူများအနေဖြင့် www.kfc-myanmarevents.comတွင် အွန်းလိုင်းမှ ဆက်သွယ်စာရင်းပေးနိုင်ပြီဖြစ်ပြီး သင်္ကြန်နေ့ရက်များတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြကျွန်းသာတွင် တွေ့ဆုံကာ ထိုနေရာမှ ကားများ ထွက်ပေးမည်ဖြစ်သည်။
သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ရက်တွင် ညနေတစ်ပိုင်းသာ စီစဉ်ပေးထားပြီး အကျ၊ အကြတ်၊ အတက်ရက် သုံးရက်တွင်မူ နံနက် မှ ညနေအထိ တစ်နေကုန် စီစဉ်ထားပြီး ရန်ကုန်မြို့၏ အထင်ကရ လမ်းများဖြစ်သည့် ကမ္ဘာအေးဘုရား၊ ပြည်လမ်း စသည်တို့ကို လည်ပတ်မည်ဖြစ်သည်။
ရေပတ်ခံကားကို လူ(၆)ယောက် စီးနိုင်သည့် ထရပ်ကားများဖြင့် စီစဉ်ပေးထားပြီး ကားတစ်စီးတွင် လုံခြုံရေးအရာရှိ နှစ်ဦး၊ ကျန်းမားရေး စောင့်ရှောက်မည့် ဆေးသေတ္တာငယ် တစ်ဗူး ပါဝင်မည်ဖြစ်သည်။
KFC ကြက်ကြော်ဆိုင်သည် မြန်မာနိုင်ငံတွင် ပထမဆုံးပထမဆုံးသော ဆိုင်ခွဲကို နောက်လာမည့် လအနည်းငယ်အတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ ယင်းသို့ ဖွင့်လှစ်ရန် မြန်မာနိုင်ငံမှ ရိုးမကုမ္ပဏီ နှင့် စာချုပ်ချုပ်ဆိုထားပြီးလည်း ဖြစ်သည်။
No comments:
Post a Comment