ပန်းမြတ်ဇော်
Miss Golden Land Myanmar 2015 အလှမယ် ပြိုင်ပွဲအတွက် နောက်ဆုံးဆန်ခါတင် အလှမယ် ၃၁ ဦးကို ဧပြီ ၈ ရက်ကရွေးချယ် ခဲ့ပြီးနောက်ဆုံး ပြိုင်ပွဲအ တွက်လေ့ကျင့် မှုများကို တစ်လခွဲကြာပြု လုပ်သွား မည်ဖြစ်သည်။
Miss Golden Land Myanmar 2015 အလှမယ် ပြိုင်ပွဲ အတွက် နောက်ဆုံး ဆန်ခါတင် အလှမယ် ၃၁ ဦး ရွေးချယ်ပွဲကို ဧပြီ ၈ရက်တွင် ရန်ကုန် မြို့ပြည်လမ်း ရှိတော်ဝင်ဂါးဒင်း ဟိုတယ်၌ ကျင်းပခဲ့သည်။
ထိုပြိုင်ပွဲတွင် ဒိုင်လူကြီးများ အဖြစ် Miss Golden Land Myanmar Organization မှတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် များဖြစ်ကြသည့် ကိုဟန်ဇော် လတ် ၊ ကိုဝေယံအောင် တို့အပြင် ဒေါ်ဆွေဇင်ထိုက် ၊ သရုပ်ဆောင် နိုင်းနိုင်း ၊ ကိုအောင်(Flash Memo) ၊ Miss Earth Myanmar 2014 အိမွန်ခိုင် ၊ ဒီဇိုင်နာ သျှီလာ ၊ Mister International Myanmar 2014 အောင်ချမ်းမြ ၊ Brilliant Model Agency မှ ကိုဇေယျံဟိန်း ၊ဒေါ်နန်းအိအိဇာတို့ ကဆောင်ရွက် ခဲ့ကြသည်။
Miss Golden Land Myanmar Organization မှ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် တစ်ဦးဖြစ်သည့် ကိုဝေယံအောင်က " ဒီတစ်ခေါက် ကလေးတွေ က ပိုပြီး တက်ကြွကြတယ်။ အတွေ့အကြုံ မရှိပေမယ့် ပထမဆုံး အတွေ့အကြုံမှာ ယုံကြည်မှု အပြည့်တွေနဲ့ လာပြိုင်ကြတယ်။ မျက်နှာသစ်တွေများတဲ့ အတွက် Miss Myanmar ဆိုတဲ့ ပုံရိပ်ကို ပိုပြီးမြှင့် တင်ပေးနိုင် မယ်လို့ ယုံကြည် တယ်" ဟု မဇ္ဈိမ ကိုပြောသည်။
အဆိုပါ ပြိုင်ပွဲအတွက် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ မှ မတ်လ ၂၅ရက် အထိ လျှောက်လွှာများ ခေါ်ယူ ခဲ့ရာ လျှောက်လွှာရှင် ၆၇၀ ကျော် လက်ခံ ရရှိခဲ့သည်။
လျှောက်လွှာ ရှင်များ အနက်မှ လက်ရွေးစင် ဆန်ခါတင် အလှမယ် ၁၅၀ကျော်ကို မတ်လ ၃၀ ရက် ၊ ဧပြီ ၅ ရက်နှင့် ဧပြီလ ၇ရက် များတွင် လူတွေ့ စစ်ဆေးခဲ့ ပြီး ဖြစ်သည်။ ထိုသို့ လူတွေ့စစ်ဆေး ဖြေဆို သူများထဲမှ အောင်မြင်သူ ဆန်ခါတင် အလှမယ် (၅၀)ကျော် ကို အဆင့်ဆင့် ရွေးချယ် ခဲ့ပြီးနောက် Miss Golden Land Myanmar 2015 အလှမယ် ပြိုင်ပွဲ အတွက် ၃၁ဦး ကို ထပ်မံရွေးချယ်ခြင်းဖြစ်သည်။
ရွေးချယ် ခံရသည့် ဆန်ခါတင် အလှမယ် ၃၁ဦး သည် သင်္ကြန် ကာလ အပြီးတွင် ပြိုင်ပွဲ အတွက် လေ့ကျင့်မှုများ စတင် ပြုလုပ်ရမည်ဖြစ်ပြီး အကြိုပဏာမ ပြိုင် ပွဲ၊Talent ပြိုင်ပွဲ ၊ အားကစား ပြိုင်ပွဲ ၊ ဉာဏ်ရည်ဉာဏ်သွေး စမ်းသပ်မှု ပြိုင်ပွဲများ ၊ ခရီးသွား ပရိုမိုးရှင်း ခရီးစဉ်များ ၊ ပရဟိတ လုပ်ငန်းများ လုပ်ကိုင် ရမည်ဖြစ် သည်။
ကမ္ဘာ့ အလှမယ် ပြိုင်ပွဲ ငါးပွဲအတွက် Miss Myanmar ၅ ဦး ရွေးချယ်မည့် Miss Golden Land Myanmar 2015 အလှမယ် ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် မေလ နှင့် ဇွန်လတို့တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။
No comments:
Post a Comment