ပန်းမြတ်ဇော်
အဆိုတော် မိစန္ဒီ၏ ပစ်တိုင်းထောင် တစ်ကိုယ်တော် အခွေထဲမှ ရစ်လုံးသီချင်း Music video ကို ဧပြီ ၁၈ ရက်တွင်You Tube နှင့် ၄င်း ၏ဖေ့ဘုတ်တွင် တင်ပေးသွား မည်ဖြစ်သည်။
မိစန္ဒီက " ပရိတ်သတ်ကြီး အတွက် ဘဝ အမောတွေပြေပြောက်စေနိုင်မယ့် မိစန္ဒီရဲ့ လက်ဆောင်လေးဖြစ် မယ်လို့မျှော် လင့်ပါတယ်" ဟု ၄င်း ၏ဖေ့စ်ဘွတ် တွင်ရေး သားထားသည်။
အဆိုတော် မိစန္ဒီ၏ ရစ်လုံး တေးသီချင်း MTV ကို ဒါရိုက်တာ ၀င်းလွင်ထက်က ရိုက်ကူး ပေးထားပြီး သရုပ် ဆောင် အဖြစ် မိစန္ဒီ၊ ထွန်းကိုကိုနှင့် Jade dragon Dancer အဖွဲ့နှင့် အတူ ပါဝင် သရုပ်ဆောင် ထားသည်။
ပစ်တိုင်းထောင်တေး အယ်ဘမ်တွင် ပါဝင်သည့် ပစ်တိုင်းထောင် ၊ကျေးကျွန် ၊ မူပိုင်ခွင့် ၊ ဆုတောင်း ၊ အလွမ်းရဲ့ ထုထည် စသည့်တေး သီချင်း များသည် လူ ငယ် ပရိသတ်ကြား အောင်မြင် နေသည့် တေးသီချင်းများ ဖြစ်ပြီး ပစ်တိုင်းထောင် တေးအယ်ဘမ် တစ်ခွေလုံး နီးပါး ပရိသတ် အားပေးမှု ရရှိ ထားသည်။
ပစ်တိုင်းထောင် MTV အခွေ သီချင်း တစ်ဝက် ကို ဒါရိုက်တာ ၀င်းလွင်ထက် ၊ ဒါရိုက်တာမောင်မောင် သာမြင့်တို့ဖြင့် ရိုက်ကူး ထားပြီး ကျန်ရှိသည့် သီချင်းများ ကိုတခြား ဒါရိုက်တာများဖြင့် ရိုက်ကူးထားကာ သရုပ်ဆောင် များ အဖြစ် အလင်းရောင် ၊ နှင်းယမုံ ၊ နေတိုး ၊ အောင်ရဲလင်း ၊ နီနီခင်ဇော် ၊ ရဲရင့်အောင် ၊ ဟိဏ်း သစ် ၊ စိုးကြီး ၊ X-Box ၊ မိစန္ဒီ အပြင် တခြား သရုပ်ဆောင် များစွာ လည်း ထပ်မံ ပါဝင်မည် ဖြစ်သည်။ အဆိုပါ အခွေတွင် သီချင်း ၁၄ပုဒ် ပါဝင်မည် ဖြစ်သည်။
အဆိုတော်မိစန္ဒီသည် ပထမဆုံးတစ်ကိုယ်တော် အယ်ဘမ် ဖြစ်သည့် မိုနိုပိုလီ အခွေ Audio CD ကို၂၀၁၂ ခုနှစ်တွင်ထွက်ရှိ ခဲ့ပြီး မိုနိုပိုလီ DVD ကာရာ အိုကေ အခွေကို ၂၀၁၃ ခုနှစ် တွင် ထွက်ရှိ ခဲ့သည်။ ၂၀၁၄ ခုနှစ် ဇွန်လတွင် ဒုတိယမြောက် တစ်ကိုယ်တော် အယ်ဘမ် ဖြစ်သည့် ပစ်တိုင်းထောင် Audio CD ထွက်ရှိ ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ပစ်တိုင်းထောင် MTV အခွေ ထွက်ရှိရန် စီစဉ် ထားသည်။
No comments:
Post a Comment