Friday, March 27, 2009

မြောက်ဥက္ကလာမှာ ဗုံးကွဲတဦးသေ

NEJ / မတ်လ(၂၇) ရက်၊ ၂၀၀၉

မတ်လ (၂၆) ရက် ညနေ (၄) နာရီခန့် အချိန်က မြောက်ဥက္ကလာပမြို့ နယ် (၆) ကွေ့ရှိ တော်ဝင်နန်း တည်းခိုခန်းတွင် ဗုံးတလုံး ပေါက်ကွဲရာ လူတဦး ပွဲချင်းပြီး သေဆုံးကာ နောက်တဦးမှာ လက်ဖျံတွင် ဒဏ်ရာရရှိသွားကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။

ရန်ကုန်အေအက်ဖ်ပီသတင်းကမူ (၁) ဦးသေပြီး (၂) ဦးဒဏ်ရာရသည်ဟု ရေးထားသည်။ ယင်းသို့ ဖြစ်ပွားရခြင်းမှာ ဗုံးကို ဖောက်ခွဲရန်ကြံစည်နေစဉ် ပေါက်ကွဲခြင်းဖြစ်သည်ဟု ဒေသခံအာဏာပိုင်တဦးက ပြောသည်။

နေပြည်တော်တွင် စစ်အစိုးရအခေါ် တပ်မတော်နေ့မကျင်းပမီ တရက်အလို ရန်ကုန်၌ ယခုကဲ့သို့ ဗုံးပေါက်ကွဲခြင်း ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို စစ်အစိုးရဘက်က မဖော်ထုတ်နိုင်သေးပေ။

ဗုံးပေါက်ကွဲမှုသည် တရုတ်ကွန်မြူနစ်ပါတီမှ သြဇာရှိ နိုင်ငံရေးသမား လီချန်ချွန်း မြန်မာနိုင်ငံရောက်သည့်အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် စစ်အစိုးရအနေဖြင့် အတော်မျက်နှာပူစရာဖြစ်မည်ဟု ရန်ကုန်နိုင်ငံရေးသမားတဦးက သုံးသပ်သည်။

No comments: